K pop

■ K-pop သမိုင်းတစ်လျှောက် (၂၉) နှစ်ကြာ တည်မြဲနေတဲ့ စံချိန်ကြီးကို လိုက်မီသွားခဲ့တဲ့ BTS

– – -BTS ဟာ သူတို့ရဲ့ နာမည်ကျော်သီချင်း Dynamite နဲ့ K-pop သမိုင်းရဲ့……

BTS ဟာ နှစ်စဉ်နှစ်တိုင်း စံချိန်တွေတစ်ခုပြီးတစ်ခုကို ချိုးဖြတ်ပြရင်း အမြင့်ဆုံးသော အောင်မြင်မှုကို ရယူထားနိုင်တာ ဖြစ်ပါတယ်။

အခုအခါမှာလည်း BTS ရဲ့ နာမည်ကျော်သီချင်း Dynamite ဟာ K-pop သမိုင်းတစ်လျှောက် Music Show မှာ ဆုအများဆုံးရရှိတဲ့သီချင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့တာပါ။

Dynamite သီချင်းဟာ စတင်ထုတ်လွှင့်စဉ်ကတည်း ကမ္ဘာအနှံ့က ပရိသတ်တွေကြား ရေပန်းစားပြီး စံချိန်တွေတစ်ခုပြီး တစ်ခု ချိုးဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Dynamite ဟာ MBC ရဲ့ Music Core မှာ ပထမဆုံးဆုရရှိခဲ့စဉ်က ကိုရီးယား Music Show သမိုင်းတစ်လျှောက် ပထမဆုံးဆုရခဲ့ အင်္ဂလိပ်သီချင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှာတော့ Dynamite ဟာ Music Show တွေမှာ ဆု (၂၂) ဆုအထိ ရရှိလာခဲ့ပြီး Boy With Luv ကို ကျော်ဖြတ်ကာ (၂၁) ရာစုရဲ့ Music Show ဆုအများဆုံးရ သီချင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

ဇန်နဝါရီလအတွင်းမှာတော့ Dynamite ဟာ MBC’s Show Champion မှာ ဆု (၃) ခု၊ SBS‘s Inkigayo မှာ ဆု (၃)ခု၊ MBC’s Music Core မှာ ဆု (၁၀) ခု၊ KBS‘s Music Bank မှာ ဆု (၁၄) ခု ရရှိလာခဲ့ကာ စုစုပေါင်း အကြိမ် (၃၀) အထိ ဆု ရရှိလာခဲ့ပါတ်ယ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထုတ်လွှင့်ခဲ့တဲ့ Music Bank မှာ IU ရဲ့ Celebrity ကို ကျော်ဖြတ်ကာ Dynamite က အနိုင်ရရှိပြီးတဲ့နောက် စုစုပေါင်း ဆုရတာ (၃၁) ကြိမ် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် Music Show သမိုင်းတစ်လျှောက် ဆုအများရရှိထားတဲ့ ၁၉၉၂ ခုနှစ်က Shin Seung Hun ရဲ့ Invisible Love ကို Dynamite ကလိုက်မီသွားခဲ့ပါတယ်။

ဒါကြောင့် BTS အဖွဲ့ဟာ K-pop သမိုင်းတစ်လျှောက် Music Show မှာ (၂၉) နှစ်ကြာ တည်မြဲနေတဲ့ စံချိန်ကြီးတစ်ခုကို ဂုဏ်ယူဖွယ်ရာ လိုက်မီခဲ့ပြီလို့ ဆိုရမှာပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page