K pop

■ Stray Kids အဖွဲ့ဝင် Hyunjin ရဲ့ လှုပ်ရှားမှုများအားလုံးကို ရပ်နားသွားမယ်လို့ JYP Entertainment ထုတ်ပြန်

– – – လတ်တလောဖြစ်ပွားလျက်ရှိနေတဲ့ ကျောင်းတွင်းဗိုလ်ကျမှုတွေနဲ့ ပတ်သက်ပြီး Hyunjin က …..

Stray Kids အဖွဲ့ဝင် Hyunjin အနေနဲ့ လတ်တလောမှာ လှုပ်ရှားမှုတွေ အားလုံးကို အကန့်အသတ်မရှိ ရပ်နားသွားမယ်လို့ JYP Entertainment က ဆိုရှယ်မီဒီယာတွေ အသီးသီးကနေ ထုတ်ပြန်ခဲ့ပါတယ်။

JYP Entertainment ရဲ့ ထုတ်ပြန်ချက်မှာ Stray Kids အဖွဲ့ဝင် Hyunjin ရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး သတင်းပေးလိုကြောင်း၊ Hyunjin ရဲ့ အချိန်ဇယားမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအသီးသီးကို ဆက်သွယ်ခဲ့ပြီးဖြစ်ကြောင်း၊ တခြားအဖွဲ့အစည်းတွေ ထိခိုက်မှု တတ်နိုင်သမျှ အနည်းဆုံးဖြစ်စေမဲ့ နည်းလမ်းတွေ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊

ဒီလုပ်ငန်းစဉ်တွေအတွက် အချိန်ယူနေခဲ့ရလို့ Hyunjin ရဲ့ အနာဂတ်လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ ကြေညာချက်ထုတ်ပြန်ဖို့ နှောင့်နှေးနေခြင်းဖြစ်ကြောင်း၊ Hyunjin ဟာ သူ့လုပ်ရပ်တွေအတွက် နောင်တရနေပြီး ထိခိုက်ခဲ့ရသူတွေအားလုံးကို လေးလေးနက်နက် တောင်းပန်လိုနေကြောင်း၊

စိုးရိမ်စေခဲ့ရတဲ့ ပရိသတ်တွေကိုလည်း လေးလေးနက်နက် တောင်းပန်လိုကြောင်း ပါရှိပါတယ်။ Stray Kids အဖွဲ့ဝင် Hyunjin ဟာ ကျောင်းတွင်း ဗိုလ်ကျမှုမှာ ပါဝင်ခဲ့တယ်လို့ သိရပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ JYP က ထုတ်ပြန်ချက်များစွာ ထုတ်ပြန်ခဲ့ပြီးဖြစ်သလို ကာယကံရှင် Hyunjin ကလည်း လက်ရေးစာတစ်စောင်နဲ့ တောင်းပန်ခဲ့ပြီး ဖြစ်ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page