– – -နာမည်ကျော် ကိုရီးယားဇာတ်လမ်းတွဲတချို့မှာ BTS နဲ့ ပတ်သက်တဲ့အကြောင်းတွေ ပါဝင်ခဲ့ပြီး တချို့တစ်လေကို ပရိသတ်တွေက သတိပြုမူမိမယ် မထင်ပါဘူး။
Penthouse 2
လက်ရှိထုတ်လွှွင့်လျက်ရှိနေတဲ့ နာမည်ကျော် ဇာတ်လမ်းတွဲ Penthouse Season 2 ထဲက တန်ဖိုးကြီး Brand တွေရောင်းချတဲ့ အိတ်ဆိုင်တစ်ခုထဲက အိတ်တစ်အိတ်ပေါ်မှာ JIN & V ဆိုတဲ့စာလုံးရေးထိုးထားပါတယ်။ ဒါက BTS အဖွဲ့ဝင် Jin နဲ့ V ဆိုတာကို ညွှန်းဆိုထားတာပါ။ Season 1 မှာတုန်းကလည်း BTS’s 2 COOL 4 SKOOL အခန်း ပါဝင်ခဲ့ပါသေးတယ်။
Melting Me Softly
Ji Chang Wook စစ်မှုထမ်းဆောင်ပြီးနောက်ပိုင်း ပြန်လည်ရိုက်ကူးတဲ့ဇာတ်လမ်းတွဲဖြစ်ပြီး သူက ရုပ်သံမှာ အလုပ်လုပ်နေတာပါ။ အဲဒီမှာ အဓိကဇာတ်ဆောင် Go Mi Ran က ပရိုဂရမ်မှာ BTS ကို ဖိတ်မဲ့အကြောင်း၊ သူမအနေနဲ့ BTS အဖွဲ့ကို ကြိုက်နှစ်သက်တဲ့အကြောင်း ထည့်သွင်းပြောဆိုခဲ့တာပါ။
Goblin
Goblin ထဲမှာ CEO က လူငယ်မိန်းကလေးတွေအကြိုက်ကို စာရင်းပြုစုခိုင်းခဲ့တာပါ။ အဲဒီစာရင်းထဲမှာ BTS နဲ့ EXO တို့လည်း ပါဝင်ခဲ့ပြီး BTS က ဘာလဲလို့ မေးတဲ့အခါမှာ secretary က BTS သီချင်းနဲ့ ကပြခဲ့ပါတယ်။
Hotel del Lu na
နာမည်ကျော် Hotel del Luna ဇာတ်လမ်းတွဲထဲမှာလည်း ကွယ်လွန်သွားခဲ့တဲ့ ကောင်မလေးတစ်ယောက်က BTS ပရိသတ်တစ်ယောက် ဖြစ်နေခဲ့တာပါ။
Crash Landing on You
Crash Landing on You ဇာတ်လမ်းတွဲထဲမှာလည်း BTS ကောင်မလေးပရိသတ်တစ်ယောက်ပါဝင်ခဲ့ပါတယ်။ ပြုံယမ်းက ကောင်မလေးတစ်ယောက်က သူမဟာ BTS အမာခံပရိသတ်လို့ ဆိုခဲ့ပြီး အဖွဲ့ထဲမှာ Jungkook ကို အကြိုက်ဆုံးလို့ ဆိုခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *