K pop

■ SHINee Onew ဟာ သူမအနှစ်သက်ဆုံး Male Vocalist တွေထဲက တစ်ဦးပါလို့ဆိုတဲ့ IU

—- IU က SHINee အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Onew ဟာ သူမအနှစ်သက်ဆုံး Male Vocalist တွေထဲက တစ်ဦးဖြစ်ပြီး အနာဂတ်မှာ Collaboration လုပ်ချင်ပါတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဖေဖော်ဝါရီလ 27 ရက်နေ့က SHINee အဖွဲ့ဟာ IU ရဲ့ ‘IU’s Palette’! အစီအစဉ်မှာ ဧည့်သည်အနေ နဲ့ပါဝင်ခဲ့ပြီး အကြောင်းအရာမျိုးစုံကိုပြောခဲ့ပါတယ်။ နောက်ပြီး IU နဲ့ SHINee တို့ဟာ အရင်က K-pop Idol တွေအဖြစ် တူညီတဲ့အချိန်ကာလမှာ ပွဲထွက်ခဲ့တဲ့အကြောင်းတွေကိုလည်း ပြန်ပြောင်းပြောခဲ့ကြ တာပါ။

SHINee အဖွဲ့က “ အရင်တုန်းက Music Show တွေရဲ့ ရီဟာဆယ်တွေမှာ IU ကို ခဏခဏတွေ့ခဲ့ ကြပြီး ငါတို့လည်း ကြည့်ခဲ့ကြပါတယ်။ အဲဒီမှာ ‘ အိုး…သူမ ရုတ်တရက်ကြီး ကလိုက်တာပဲ’ ဒီလိုမျိုး တောင် ရေရွတ်ခဲ့ကြပါတယ်” လို့ ပြောတဲ့အခါ IU က ရယ်မောခဲ့ပါတယ်။

နောက်တော့ IU က SHINee အဖွဲ့ဝင်တွေဖြစ်တဲ့ Key ၊ Taemin တို့နဲ့ Collaboration Stage တွေ အတူတူဖျော်ဖြေဖူးသလို Minho နဲ့လည်း ဒရာမာရိုက်ကူးဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်တွေ ထဲကမှ Onew နဲ့တော့ တစ်ခါမှ Collaboration မလုပ်ဖူးဘူးလို့ ပြောခဲ့ပါတယ်။

IU က “ Onew ဟာ ကျွန်မ အားကျရတဲ့ Male Vocalist တွေထဲက တစ်ဦးဖြစ်ပါတယ်။ ကျွန်မဒီလို တောင်တွေးမိပါတယ်။ ငါသာ ယောကျာ်းလေးဖြစ်ရင် Onew လိုမျိုး သီချင်းသီဆိုချင်တယ်လို့ပါ။ Onew ရဲ့ အသံ Tone ဟာ အခုထိမပြောင်းသေးပါဘူး။ ပုံမှန်အားဖြင့် Vocalist တွေရဲ့ အသံ Tone ဟာ အသက်အရွယ်လိုက် ပြောင်းလဲသွားတတ်တာ သဘာဝပဲဖြစ်ပါတယ်။ ကျွန်မရဲ့ အသံဆိုရင် လည်းအများကြီးပြောင်းလဲသွားပါပြီ။ Onew ကတော့ အခုထိ ငယ်ရွယ်တဲ့ အသံTone ကို ပိုင်ဆိုင် ထားတုန်းပါပဲ။ Ballad သီချင်းတွေသီဆိုရင် အမြင့်သံတွေ ပိုင်နိုင်နေတုန်းပဲဖြစ်ပါတယ်။ ကျွန်မကို ယောကျာ်းလေး Vocalist တွေ အတူတူအလုပ်လုပ်ဖို့ ဆွေးနွေးတယ်ဆိုရင် အမြဲတမ်း Onew ကို ထည့်စဉ်းစားပါတယ်” လို့ပြောခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page