K pop

■ EXO အဖွဲ့ဝင် Baekhyun Solo Comeback ပြုလုပ်မဲ့ရက်ကို SM Entertainment ထုတ်ပြန်

– – -Baekhyun ရဲ့ Solo Comeback ကို မကြာခင် တွေ့မြင်ရတော့မှာ…

မတ်လ (၄) ရက်နေ့တုန်းက Herald POP က EXO အဖွဲ့ဝင် Baekhyun ဟာ မတ်လအတွင်း Solo Comeback ပြုလုပ်သွားမှာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

Herald POP ရဲ့ ဖော်ပြချက်အရ Baekhyun ရဲ့ Solo Comeback အတွက် ပြင်ဆင်မှုဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီး မတ်လအတွင်းပြုလုပ်သွားမှာလို့ သိရပါတယ်။

အဲဒီနောက် ဒီသတင်းတွေကို SM Entertainment က အတည်ပြုသွားခဲ့ပြီး မတ်လ (၃၀) ရက်နေ့မှာ Baekhyun အနေနဲ့ Solo Albumကို ထုတ်ဝေသွားမှာလို့ ဆိုခဲ့ပါတယ်။ “Baekhyun အနေနဲ့ သူ့ရဲ့ Solo Album ကို မတ်လ (၃၀) ရက်နေ့မှာ ထုတ်ဝေသွားမှာပါ။ ကျေးဇူးပြုပြီး စောင့်မျှော်ပေးကြပါဦး”လို့ SM က ထုတ်ပြန်ခဲ့တာပါ။

ဒါဟာ Baekhyun အနေနဲ့ ၂၀၂၀ ခုနှစ်၊ မေလအတွင်း ထွက်ရှိခဲ့တဲ့ Delight ပြီးနောက် ကိုရီးယားမှာ ပထမဆုံး ထုတ်ဝေတဲ့ Solo Album ပဲ ဖြစ်ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page