K pop

■ မြန်မာပြည်သူပြည်သားတွေကို T-ARA အဖွဲ့ဝင် Jiyeon အားပေး

လက်ရှိမြန်မာပြည်မှာ ဖြစ်ပျက်လျက်ရှိနေတဲ့ အရေးနဲ့ ပတ်သက်ပြီး T-ARA အဖွဲ့ဝင် Jiyeon က ပြည်သူပြည်သားတွေကို အားပေးစကား ပြောဆိုခဲ့တာပါ။

ဖေဖော်ဝါရီ (၁) ရက်နေ့ကနေစတင်ပြီး မြန်မာပြည်ဟာ အမှောင်ဖုံးလွှမ်းခဲ့ရတာ ဖြစ်ပါတယ်။ လူမဆန်တဲ့လူတစ်စုရဲ့ အာဏာရှင်ဆန်မှု၊ အကြမ်းဖက်မှုအောက်မှာ မြန်မာပြည်သူပြည်သားတွေ မျက်ရည်များစွာ၊ အသက်ပေါင်းများစွာ စတေးခံကြရတာပါ။

မြန်မာပြည်သူပြည်သားတွေကလည်း ဒီအရေးမှာ တက်ညီလက်ညီနဲ့ စုပေါင်းတော်လှန်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာ့အရေးကို ကမ္ဘာက အာရုံစိုက်လာခဲ့ပါတယ်။ အခုဆိုရင် နယ်ပယ်အသီးသီးမှာ မြန်မာ့အရေးကို ထုတ်ဖော်ပြောဆိုလာတဲ့ နာမည်ကျော် ပုဂ္ဂိုလ်များစွာ ထွက်ပေါ်လာခဲ့ပါပြီ။

အခုအခါမှာလည်း နာမည်ကျော် K-pop Idol တစ်ယောက်ဖြစ်တဲ့ T-ARA အဖွဲ့ဝင် Jiyeon က Live မှာ မြန်မာပြည်သူပြည်သားတွေကို အားပေးစကားဆိုခဲ့ပါတယ်။ Jiyeon Live လွှင့်ရာမှာမြန်မာပရိသတ်တွေက Comment မှာ သွားရောက်ရေးသားခဲ့ကြတာပါ။

အဲဒီမှာ ပရိသတ်တစ်ယောက်က မြန်မာအတွက် အားပေးစကားပြောဆိုခိုင်းရာမှာ Jiyeon က အဲဒီမှတ်ချက်ကို တွေ့သွားခဲ့ပြီး “အားတင်းထားပါ မြန်မာ။ အများကြီး လွမ်းနေပါတယ်”လို့ ဆိုခဲ့ပါတယ်။

Jiyeon ရဲ့အားပေးစကားကိုကြားပြီး မြန်မာပရိသတ်တွေက အားတက်ခဲ့ရသလို ချီးကျူးမှုတွေလည်း ပြုလုပ်ခဲ့တာတွေ့ရပါတယ်။

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page