K pop

■ Music Show Win အများဆုံးရတဲ့ သီချင်းတစ်ပုဒ်ဖြစ်လာတဲ့ “Dynamite”

— တစ်ကမ္ဘာလုံးပတ်ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ BTS ရဲ့ “Dynamite” ဟာ Music Show Win သမိုင်းမှာလည်း စံချိန်တူစ်ခုကို စိုက်ထူခဲ့…

ဒီတစ်ပတ် KBS2’s ‘Music Bank,’ မှာ များစွာသောအနုပညာရှင်တွေရဲ့ သီချင်းသစ် Comeback နဲ့ ဖျော်ဖြေမှုတွေကိုတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့လည်း ဒီတစ်ပတ်ရဲ့ Winner ဖြစ်ဖို့ IU နဲ့ BTS တို့ယှဉ်ပြိုင်ခဲ့ ရပြီး BTS ရဲ့ “Dynamite” က Winner ဖြစ်သွားခဲ့ပါတယ်။

BTS ရဲ့ “Dynamite” အနေနဲ့ Music Show Win မှာ နောက်ထပ်အနိုင်ရတဲ့ မှတ်တမ်းတစ်ခုဖြစ်သလို Music Show Win သမိုင်းမှာ အများဆုံးအနိုင်ရတဲ့သီချင်းတစ်ပုဒ်အဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။

အရင်က Music Show Win အများဆုံးရတဲ့ သီချင်းပိုင်ရှင်ကတော့ Shin Seung Hoon ဖြစ်ပါတယ်။ သူ့ရဲ့ သီချင်း “Invisible,” ဟာ 1991 ကနေ 92 အတွင်း Music Show Win (31)ကြိမ်ရခဲ့တာပါ။ အခုအခါ BTS ရဲ့ “Dynamite” က Music Show Win (32)ကြိမ်ရရှိခဲ့ပြီး စံချိန်သစ်တင်ခဲ့တာဖြစ်ပါ တယ်။

တစ်ကိုယ်တော်အဆိုတော် Shin Seung Hoon ဟာ သူ့ရဲ့အဆိုတော်ဘဝတစ်လျှောက် Album 17 သန်း ရောင်းချနိုင်ခဲ့ပြီး Album အရောင်းရဆုံး Korean Artist အဖြစ် စံချိန်တင်ထားတာဖြစ်ပေမယ့် လည်း မကြာသေးခင်က သူ့ရဲ့စံချိန်ကို BTS ကပဲ ချိုးဖြတ်ခဲ့တာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page