Celebrity

■ ‘River Where The Moon Rises’ ဒရာမာကို အပိုင်း 9ကနေစတင်ပြီး မင်းသားသစ်နဲ့ ရိုက်ကူးမယ်

— KBS 2TV’s new drama ‘River Where the Moon Rises’ ဒရာမာ ထုတ်လုပ်ရေးအဖွဲ့ဟာ ဒရာမာ မင်းသားအပြောင်းအလဲကြောင့် ပရိသတ်တွေကို တောင်းပန်ခဲ့သလို အပိုင်း 9 ကနေစတင်ပြီး မင်းသားအသစ်နဲ့ စတင်ရိုက်ကူးမယ်လို့ ကြေညာခဲ့ပါတယ်။

မတ်လ 5 ရက်နေ့က ဒရာမာထုတ်လုပ်ရေးအဖွဲ့က အဓိကမင်းသား Ji Soo ရဲ့ ကျောင်းတော်တုန်းက အ-ိုင်ကျင့်စွပ်စွဲမှုကို ဝန်ခံခဲ့တဲ့အတွက် ပရိသတ်တွေကို တောင်းပန်ခဲ့တာဖြစ်သလို မင်းသား Ji Soo အစား မင်းသားအသစ်နဲ့ ရိုက်ကူးဖို့ စီစဉ်နေတာဖြစ်ပါတယ်။

“ ဒရာမာပြသနေစဉ် ရိုက်ကူးနေစဉ်မှာ ဒီလိုပြဿနာတွေတက်ခဲ့လို့ ပရိသတ်အားလုံးကို တောင်းပန်ပါ တယ်။ ကျောင်းသား အ-ိုင်ကျင့်မှုမှာပါဝင်ခဲ့တဲ့ Ji Soo ရဲ့ ပြဿနာနဲ့ပတ်သက်ပြီးတော့လည်း ကြည့်ရှု သူပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။

အ-ိုင်ကျင့်ခံရသူတွေအတွက်လည်း စိတ်ရင်းနဲ့တောင်းပန်ကြောင်းပြောလိုပါတယ်။ ဒီတစ်ပါတ်ထုတ် လွှင့်မှုကို ဆိုင်းငံ့ထားပြီး Ji Soo ပါဝင်တဲ့ အပိုင်း 7 နဲ့ 8 ကိုလည်း တက်နိုင်သမျှ မြန်မြန်ဆန်ဆန် ပြင်ဆင်နေပါတယ်။ အပိုင်း 9 ကနေ စတင်ပြီး မင်းသားအသစ်နဲ့ ပြန်လည်ရိုက်ကူးသွားမှာပါ” လို့ ဒရာမာထုတ်လုပ်ရေးအဖွဲ့က ကြေညာခဲ့ပါတယ်။

‘River Where the Moon Rises’ ဒရာမာ အဓိကမင်းသား Ji Soo နေရာမှာ မင်းသား Na In Woo က အစားထိုးရိုက်ကူးမှာလို့ သိရပါတယ်။

-m2t
Ref: allkpop

You cannot copy content of this page