K pop

■ K-Pop သတင်းတိုများ စုစည်းမှု

— – – NU’EST, BTS, BLACKPINK, Super Junior အဖွဲ့တွေရဲ့ နောက်ဆုံးရ သတင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

– NU’EST အဖွဲ့ဟာ လာမယ့်ဧပြီလမှာ (၇)နှစ်အတွင်း သူတို့ရဲ့ ပထမဆုံး Studio Album နဲ့ Comeback လုပ်မယ်လို့ သူတို့ရဲ့ အေဂျင်စီ Pledis Entertainment က အတည်ပြုကြေညာခဲ့ပါတယ်။ NU’EST အဖွဲ့ဟာ ၂၀၁၄ ခုနှစ်က “RE:BIRTH” ဆိုတဲ့ first Korean full-length album ကို ထုတ်ဝေခဲ့တာပါ။

– BTS အဖွဲ့ဟာ Grammy မှာ ပါဝင်ဖျော်ဖြေမှာဖြစ်ပြီး Grammy Week Auction မှာ သူတို့ရဲ့ “Life Goes On” MV Outfits တွေကို ရောင်းချဖို့အတွက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။

– BLACKPINK အဖွဲ့နဲ့ စာရေးဆရာမ Kim Eun Hee တို့ဟာ သူတို့ရဲ့ အနုပညာတွေနဲ့ ကိုရီးယားကို မြင့်တင်ပေးနိုင်ခဲ့တာကြောင့် Women That Have Made an Impact in Global Entertainment အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

– ၂၀၂၀ ပြည့်နှစ်မှာ ပွဲထွက်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ Cosmic Girls အဖွဲ့ဟာ ဒီလအတွင်းမှာ Comeback လုပ်ဖို့ ရှိတယ်လို့ ကိုရီးယားမီဒီယာတွေက ဖော်ပြနေကြပါတယ်။

– Super Junior’ အဖွဲ့ဟာ 15th anniversary album အဖြစ် ‘The Renaissance’ ကို မတ်လ (၁၆)ရက်နေ့မှာ ထုတ်ဝေမှာ ဖြစ်ပြီး သီချင်းပေါင်း (၁၀) ပုဒ် ပါဝင်မှာဖြစ်ပါတယ်။ သီချင်းတွေကတော့ Super”, “Burn The Floor”, “Paradox”, “Closer”, “The Melody”, the 2020 remake version of “Raining Spell For Love”, “Mystery”, “More Days With You” နဲ့ “Tell Me Baby” ဖြစ်ပါတယ်။

— ဃဲ
Ref: Korea Media

 

You cannot copy content of this page