K pop

■ Rosé ရဲ့ ပထမဆုံး single album ‘-R-‘ က အမျိုးသမီး Soloist တွေထဲမှာ Pre-order စံချိန်တင်

— – – BLACKPINK အဖွဲ့ဝင် Rosé ရဲ့ 1st single album ဖြစ်တဲ့ ‘-R-‘ ဟာ Pre-order စလုပ်တဲ့ (၄)ရက်အတွင်းမှာပဲ …

YG Entertainment ရဲ့ ထုတ်ပြန်ချက်အရ Rosé ရဲ့ 1st single album ဖြစ်တဲ့ ‘-R-‘ ဟာ မတ်လ (၈)ရက်မှာပဲ Pre-order ရောင်းချရမှု (၄)သိန်း ကျော်သွားခဲ့ပြီလို့ မတ်လ (၉)ရက် နံနက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Rosé ရဲ့ 1st single album ဖြစ်တဲ့ ‘-R-‘ အတွက် Pre-order ကို YG Entertainment က မတ်လ (၄)ရက်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခု ရောင်းချထားတဲ့ပမာဏဟာ အဲဒီကာလအတွင်း K-Pop အမျိုးသမီး Soloist တွေထဲမှာ အမြင့်ဆုံးစံချိန်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။

Rosé ရဲ့ ပထမဆုံး single album ‘-R-‘ မှာ သီချင်း (၂) ပုဒ် Version (၂)မျိုး ပါဝင်မှာဖြစ်ပြီး သီချင်းတွေကတော့ Gone နဲ့ On the Ground တို့ ဖြစ်ပါတယ်။

Rosé ရဲ့ ပထမဆုံး single album ‘-R-‘ ကို ကမ္ဘာ့အနှံက မှာယူခဲ့ကြတာဖြစ်ပြီး တောင်ကိုရီးယား၊ အမေရိက၊ ဥရောပနဲ့ အာရှတွေနိုင်ငံတွေက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

— ဃဲ
Ref: Naver

You cannot copy content of this page