Celebrity

■ မင်းသမီး Lee Jieun ကွယ်လွန်၊ ရဲတပ်ဖွဲ့က အကြောင်းရင်းကို စုံးစမ်း

— – – Light of the Youth နဲ့ ကျော်ကြားခဲ့တဲ့ မင်းသမီး Lee Jieun ဟာ နေအိမ်မှာ …

၁၉၉၀ ကျော်ကာလက ထွက်ပေါ်ခဲ့တဲ့ Light of the Youth နဲ့ ကျော်ကြားခဲ့တဲ့ မင်းသမီး Lee Jieun ဟာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ သူမဟာ ကွယ်လွန်ချိန်မှာ အသက် (၅၂)နှစ် ရှိပြီဖြစ်ပါတယ်။

တောင်ကိုရီးယားရဲတွေရဲ့ ထုတ်ပြန်ချက်အရ မတ်လ (၈)ရက်၊ ည (၈)နာရီလောက်မှာ Lee Jieun ကို နေအိမ်မှာ သေဆုံးလျက်တွေ့ရှိတယ်လို့ သိရပါတယ်။ ရဲတွေက “Lee Jieun မိတ်ဆွေတွေက သူ့ကို ဆက်သွယ်လို့ မရဘူးလို့ ကျွန်တော်တို့ အကြောင်းကြားပါတယ်”လို့ ဆိုပါတယ်။

Lee Jieun ဟာ သားဖြစ်သူ စစ်မှုတာဝန်ထမ်းဆောင်နေချိန်မှာ နေအိမ်မှာ တစ်ဦးတည်း နေထိုင်သူဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကတော့ Lee Jieun သေဆုံးရခြင်း အကြောင်းရင်းကို သိရှိရဖို့အတွက် autopsy ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Lee Jieun ဟာ 1994 SBS program Good Morning မှာ မော်ဒယ်အဖြစ် စတင်ပွဲထွက်ခဲ့ပြီး အနုပညာလောကကို ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ သူမဟာ 16th Blue Dragon Film Awards နဲ့ 34th Daejong Film Festival တွေမှာ Best New Actress award ဆုတွေကို သိမ်းပိုက်ခဲ့သူပါ။

သူမဟာ ၁၉၉၅ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ Light of the Youth ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေအကြား ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။

— ဃဲ
Ref: Koreaboo

You cannot copy content of this page