— – – ခွဲစိတ်ကုသမှုပြုလုပ်တာနဲ့ ပတ်သက်လို့ တော်တော်များများ လျှို့ဝှက်တတ်ကြပေမယ့် သူတို့က အရှိကို အရှိအတိုင်း ရဲဝံ့စွာ ထုတ်ဖော် …
ကိုရီးယားတွေဟာ အများအားဖြင့် single-eyelid နဲ့ မွေးဖွားလာသူတွေဖြစ်ပြီး double-eyelids ရှိတဲ့သူတွေကို အရမ်းဆွဲဆောင်မှုရှိတယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် ကိုရီးယားအများစုဟာ double-eyelids ဖြစ်အောင် ခွဲစိတ်ကုသမှုတွေ ပြုလုပ်တတ်ကြပြီး နာမည်ကျော် မင်းသမီးအချို့ကတော့ သူတို့ခွဲစိတ်ထားတာတွေကို ဝန်ခဲ့ကြပါတယ်။ သူတို့ကတော့ …
Park Min Young
နာမည်ကျော်မင်းသမီး Park Min Young က သူမဟာ သရုပ်ဆောင်အဖြစ် ပွဲမထွက်ခင်က double-eyelid ဖြစ်အောင်နဲ့ နှာခေါင်းလှအောင် ခွဲစိတ်ပြုပြင်မှုအနည်းငယ် ပြုလုပ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
Lee Da Hae
ချိုဝမ်လို့ မြန်မာမှာ လူသိများကြတဲ့ မင်းသမီး Lee Da Hae ကလည်း double-eyelid ဖြစ်အောင်နဲ့ မျက်နှာကို ပိုလှအောင် ခွဲစိတ်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
Lee Si Young
တောင်ကိုရီးယားမင်းသမီးဖြစ်သလို၊ အပျော်တမ်းလက်ဝှေ့မယ်လည်းဖြစ်တဲ့ Lee Si Young က သူမအနေနဲ့ လှပတဲ့ မျက်နှာလေး ရရှိအောင် ခွဲစိတ်မှု တော်တော်များများပြုလုပ်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။
Min Hyo Rin
Taeyang မမ Min Hyo Rin ဟာ ၂၀၀၆ မှာ မော်ဒယ်အဖြစ် ပွဲထွက်ခဲ့သူဖြစ်ပြီး ပွဲထွက်ကတည်းက သူမဟာ Plastic Surgery ပြုလုပ်ခဲ့တယ်လို့ ရိုးသားစွာ ဝန်ခံခဲ့သူဖြစ်ပါတယ်။
Uee
After School အဖွဲ့ဝင်ဟောင်းဖြစ်သလို လက်ရှိမှာ အောင်မြင်တဲ့မင်းသမီးအဖြစ် ရပ်တည်နေတဲ့ UEE က သူမအနေနဲ့ Idol အဖြစ် ပွဲမထွက်ခင်က double-eyelid ဖြစ်အောင် ခွဲစိတ်ကုသမှုခံယူခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
— ဃဲ
Ref: KPZ