— – – ဒီ Legend အဖွဲ့တွေရဲ့ Comeback တွေကို K-pop ချစ်သူတိုင်း မျှော်လင့်နေကြပြီး သူတို့ နောက်ဆုံးခဲ့တဲ့ သီချင်းတွေ ဘယ်လောက်ကြသွားပြီးဆိုတာ …
K-pop မှာ ဒုတိယမျိုးဆက်ကို ပရိသတ်တွေ အလွန်ချစ်ကြပြီး အဲဒီကာလကို K-pop ရဲ့ ရွှေခေတ် အကောင်းဆုံးအချိန်လို့လည်း သတ်မှတ်ကြပါတယ်။ နာမည်ကျော်အဖွဲ့တွေ အပြိုင်အဆိုင်ထွက်ပေါ်ပေမယ့် သူတို့အကြား ဆက်ဆံရေးဟာ အလွန်ချစ်စရာကောင်းတာကြောင့်လည်း ပရိသတ်တွေ ပိုချစ်ကြတာပါ။
အဲဒီထဲက Legend အဖွဲ့တွေဟာ Comeback မလုပ်တာကြာဖြစ်ပြီး တချို့ကိုတော့ ပရိသတ်တွေက Comeback လုပ်ဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
BIGBANG
King of K-pop လို့ တင်စားကြတဲ့ BIGBANG နောက်ဆုံးထုတ်ခဲ့တဲ့ MV က Last Dance ဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ (၁၂)ရက်နေ့ကပါ။ သူတို့ နားနေတာ (၄)နှစ်နီးပါး ရှိနေပါပြီ။ BIGBANG က လက်ရှိ K-pop စီးကြောင်းကို အသက်သွင်းပေးခဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ပါရမီ၊ သူတို့ရဲ့ဂီတ၊ သူတို့ရဲ့ တင်ဆက်မှုတွေဟာ ဘယ်တော့မှ ရိုးသွားတယ်ဆိုတာ မရှိတာကြောင့် သူတို့ရဲ့ဂီတတွေကို K-pop ချစ်သူတိုင်း တောင့်တနေကြတာပါ။
Davichi
သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ Davichi ဟာ ၂၀၁၈ ဖေဖော်ဝါရီ (၁) ရက်မှာ Just The Two Of Us သီချင်းကို နောက်ဆုံးထုတ်ဝေခဲ့တာပါ။ အမျိုးသမီး(၂)ဦးနဲ့ ဖွဲ့စည်းထားတဲ့ Davichi ရဲ့ သီချင်းအေးအေးလေးတွေဟာ နားဆင်သူတိုင်းရဲ့ ရင်ထဲကို ရောက်တာတော့ အမှန်ပါပဲ။
Girls’ Generation
SNSD ခေါ် Girls’ Generation ဟာ အဖွဲ့ဝင် (၈)ဦးနဲ့ နောက်ဆုံးထုတ်ခဲ့တဲ့ MV က Holiday ဖြစ်ပြီး ၂၀၁၇ သြဂုတ်လ (၄) ရက်က ဖြစ်ပါတယ်။ ဒုတိယမျိုးဆက်မှာ အအောင်မြင်ဆုံး အမျိုးသမီးအဖွဲ့ဖြစ်သလို၊ အဖွဲ့ဝင်တိုင်းဟာ ပရိသတ်တွေ ချစ်ခင်အားပေးမှုကို ရရှိထားသူဖြစ်ပြီး သူတို့ရဲ့ သီချင်းသစ်တွေကို စောင့်မျှော်နေတဲ့ SONE တွေဟာ ကမ္ဘာ့အနှံမှာ ရှိနေပါတယ်။
T-ara
ဘယ်အဖွဲ့နဲ့မှာ သီချင်းတွေကို ထုတ်ဝေခဲ့တဲ့ T-ara ဟာ What’s My Name ဆိုတဲ့ MV ကို ၂၀၁၇ ဇွန်လ (၁၄)ရက်က ထုတ်ဝေခဲ့တာပါ။ ဒါတောင် Soyeon နဲ့ Boram တို့ အဲဒီ MV မှာ မပါခဲ့ပါဘူး။ T-ara အဖွဲ့ရဲ့ Retro နဲ့ EDM သီချင်းတွေဟာ K-pop အဖွဲ့တိုင်းနဲ့ ကွဲထွက်သလို၊ သူတို့အကတွေကလည်း ချစ်စရာကောင်းတာကြောင့် ပရိသတ်တွေက သူတို့ရဲ့ သီချင်းတွေငို မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
— ဃဲ
Ref: Koreaboo