K pop

■ JYP Entertainment ရဲ့ စီနီယာအကျဆုံးအမျိုးသမီးအဖွဲ့အဖြစ် ဆက်ဆံခံရပုံကို TWICE အဖွဲ့ဝင်တွေ ဖွင့်ဟ

— – – ၂၀၁၅ မှာမှ ပွဲထွက်ခဲ့ပေမယ့် JYP Entertainment ရဲ့ အမျိုးသမီးအဖွဲ့တွေမှာတော့ TWICE အဖွဲ့က စီနီယာအကျဆုံးအဖွဲ့ … ဒါကြောင့် ဆက်ဆံရေးတွေကလည်း အရင်ကလို …

TWICE အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ Live Broadcast တစ်ခုမှာ ဂျူနီယာဘဝနဲ့ စီနီယာဘဝဆက်ဆံရေး ပြောင်းလဲသွားပုံတွေ အကြောင်းကို ပြောပြခဲ့ကြပါတယ်။

၂၀၁၅ ခုနှစ်မှာမှ ပွဲထွက်ခဲ့ပေမယ့် လက်ရှိမှာတော့ TWICE ဟာ JYP Entertainment က ပွဲထုတ်တဲ့ အမျိုးသမီးအဖွဲ့တွေထဲမှာ စီနီယာအကျဆုံးအဖြစ် ရပ်တည်နေတာပါ။

Nayeon က သူတို့ဟာ JYP မှာ စီနီယာအကျဆုံးအမျိုးသမီးဖြစ်နေတာကြောင့် တခြားအနုပညာရှင်တွေက သူတို့နဲ့ စကားပြောဆိုဖို့ အခက်တွေ့ပြီး ရှောင်ရှားလေ့ရှိတယ်လို့ ဆိုပါတယ်။

Nayeon ရဲ့ စကားကို Jihyo က ထောက်ခံခဲ့ပြီး JYP က ဂျူနီယာ အနုပညာရှင်တွေဟာ သူတို့နဲ့ စကားပြောတဲ့အခါ အမှားပါမှာကို စိုးရိမ်ပြီး အရမ်းသတိထားပြောကြတယ်လို့ ဆိုခဲ့တာပါ။

အဲဒီနောက်မှာတော့ Nayeon က အဖြစ်အပျက်လေးတစ်ခုကို ပြောပြခဲ့ပါတယ်။ “တစ်နေ့ စတူဒီယိုရဲ့ ဧည့်ခန်းမှာ အသံသွင်းဖို့ ငါ စောင့်နေတုန်း ကလေးတွေလည်း ရောက်လာတယ်။ ဒါနဲ့ ငါ့ကိုလည်း တွေ့သွားရော သူတို့ တောင်းပန်ပါတယ်ပြောပြီး ထွက်သွားကြရော။ ဒါနဲ့ ငါလည်း တော်တော်အံ့သြသွားပြီး ဒီအခန်းက အားလုံး သုံးဖို့ထားတာ လာနေကြလို့ ခေါ်ပေမယ့် ကလေးတွေက ထွက်သွားကြတယ်”လို့ Nayeon က ဆိုပါတယ်။

JYP Entertainment က ဂျူနီယာတွေထဲမှာ သူတို့ကို မရှိန်ဘဲ ပုံမှန်အတိုင်း ဆက်ဆံတာ ITZY အဖွဲ့ဝင် Chaeryeong တစ်ယောက်ပဲ ရှိတယ်လို့လည်း TWICE ဝင်တွေက ဆိုပါတယ်။

ဘာလို့လဲဆိုတော့ Chaeryeong ဟာ TWICE အဖွဲ့ကို ဖြစ်ပေါ်လာစေတဲ့ SIXTEEN Show မှာ TWICE အဖွဲ့ဝင်တွေနဲ့အတူ ပါဝင်ယှဉ်ပြိုင်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

— ဃဲ
Ref: Koreaboo

You cannot copy content of this page