Celebrity

■ Yoo Jae Suk တို့ ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ခြင်းကို Lee Kwang Soo ဖွင့်ဟ

— – – Kwang Soo နဲ့ Jae Suk ကို Running Man မှာ စတွေ့တယ်လို့ မှတ်နေတယ်ဆို မှားပါပြီ။ သူတို့ဟာ …

Lee Kwang Soo နဲ့ Yoo Jae Suk ဟာသညီနောင်ဟာ Running Man မှာ သူတို့ရဲ့ ဆက်ဆံရေးကို တည်ဆောက်ခဲ့တာ ဖြစ်ပြီး အဲဒီမတိုင်ခင်က သူတို့ တစ်ခါ တွေ့ဆုံဖူးပါသေးတယ်။

သူတို့နှစ်ဦးဟာ Running Man မတိုင်ခင်က Lee Kwang Soo တက်သစ်စ သရုပ်ဆောင်ဘဝမှာ တွေ့ဆုံဖူးတာပါ။ Hangout with Yoo အပိုင်းတစ်ပိုင်းမှာ သူတို့နှစ်ဦး ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တာကို သိခွင့်ရခဲ့ပါတယ်။

သူတို့ဟာ High Kick Through The Roof ဟာသဇာတ်လမ်းတွဲမှာ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တာပါတဲ့။ “အဲဒီတုန်းက Lee Kwang Soo အသက် (၂၀) ကျော်ပြီ ထင်တယ်”လို့ Yoo Jae Suk ဆိုပါတယ်။

အဲဒီစကားကို Lee Kwang Soo က “ကျွန်တော် (၂၆)နှစ်ပါ။ အဲဒီတုန်းက အစ်ကို Jae Suk ကို ပထမဆုံးအကြိမ် တွေ့ခဲ့တာပါ။ MBC အဆောက်အဦးမှာပေါ့။ အဲဒီတုန်းက ကျွန်တော်က တက်သစ်စ လူတွေတောင် ကျွန်တော့်ကို သိပ်မသိကြသေးပါဘူး။ ကျွန်တော့်ကို တွေ့တော့ အစ်ကို Jae Suk နှုတ်ဆက်တယ်။ ဟိုင်း Kwang Soo မင်း သရုပ်ဆောင်တာကို ငါသဘောကျတယ်ကွာ ဆိုပြီး ကျွန်တော့်ကို ပြောခဲ့တာပါ”လို့ ဆိုပါတယ်။

Yoo Jae Suk ရဲ့ အဲဒီစကားက အနုပညာဘ၀ အစပြုခါစ သူ့အတွက် အရမ်းအားဖြစ်စေခဲ့တယ်လို့ Lee Kwang Soo က ဆိုပါတယ်။ အခုဆိုရင် သူတို့နှစ်ဦးက အလွန်ရင်းနှီးတဲ့ ညီအစ်ကိုတွေဖြစ်ပြီး Yoo Jae Suk က Lee Kwang Soo ဟာ သူနဲ့ တွဲဖက်အညီဆုံး ဖြစ်တယ်လို့တောင် ဆိုထားပါတယ်။

— ဃဲ
Ref: Koreaboo

You cannot copy content of this page