K pop

■ D.O. ဖိတ်လို့ EXO Concert ကိုသွားကြည့်ပြီး အံ့အားသင့်ခဲ့ဖူးတဲ့ Kim Seon Ho

— Start Up ဒရာမာနဲ့ တစ်ဟုန်ထိုးနာမည်ကြီးလာတဲ့ မင်းသား Kim Seon Ho ဟာ EXO အဖွဲ့ဝင် D.O. နဲ့ ခင်မင်ရင်းနှီးတဲ့သူဖြစ်တယ်ဆိုတာ…

K-Netizen တွေဟာ သူတို့နှစ်သက်ပြီး အားပေးတဲ့သရုပ်ဆောင်တစ်ဦး တစ်ဟုန်ထိုးနာမည်ကြီးလာပြီ ဆိုရင် သူတို့ရဲ့ အရမ်းမအောင်မြင်ခင်က ပြုလုပ်ခဲ့တဲ့အနုပညာလှုပ်ရှားမှုတွေကို ပြန်ရှာတက်ကြပါ တယ်။ ဒါကြောင့် 2018 ခုနှစ်က Kim Seon Ho ရဲ့ အင်တာဗျူးတစ်ခုကလည်း လူမှုကွန်ရက်မှာ ပြန် လည်ရေပန်းစားလာခဲ့ပြီး D.O. နဲ့ EXO အဖွဲ့ရဲ့ Concert အကြောင်းကို ပြောခဲ့တာဖြစ်ပါတယ်။

မင်းသား Kim Seon Ho ဟာ D.O. ရဲ့ ဒရာမာဖြစ်တဲ့ ‘100 Days My Prince’ မှာပါဝင်ခဲ့ဖူးပြီး ခင်မင်ခဲ့ တာဖြစ်သလို D.O. ရဲ့ ဖိတ်ကြားမှုကြောင့်ပဲ EXO Concert ကို သွားရောက်ကြည့်ခဲ့တာဖြစ်ပါတယ်။

အင်တာဗျူးမှာ Kim Seon Ho က “ D.O. ဟာ Gocheok Sky Dome မှာကျင်းပတဲ့ EXO Concert ကိုလာကြည့်ဖို့ ဖိတ်ခဲ့ဖူးပါတယ်။ ကျွန်တော်နဲ့ အခြား ‘100 Days My Prince’ သရုပ်ဆောင်အဖွဲ့ဝင် အချို့ဟာ Concert ကိုသွားကြည့်ဖို့ Gocheok Sky Dome မှာရှိတဲ့ ကော်ဖီဆိုင်တစ်ဆိုင်မှာ ချိန်းခဲ့ ကြပါတယ်။

Gocheok Sky Dome မှာ များစွာကော်ဖီဆိုင်တွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်ခုံတစ်ခုံမှ လွတ်တာကို ကျွန်တော်မတွေ့ခဲ့ပါဘူး။ အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူတွေနဲ့ လူတွေက လည်းပြည့်ကျပ်နေတာဖြစ်ပါတယ်။

ကျွန်တော်ရောက်တဲ့အခါ ပရိသတ်အချို့က ‘Our Kyung-soo’ ဆိုပြီး D.O. ကို ညွှန်းဆိုအားပေးတာ ကိုတွေ့ရပါတယ်။ အစက ကျွန်တော်ဟာ သူတို့တွေအနေနဲ့ D.O. ကိုသိပြီး ကျွန်တော့်လိုပဲ သူတို့ တွေလည်း သူငယ်ချင်းတွေပဲလို့ ထင်ခဲ့တာပါ။ နောက်တော့မှ သူ့ရဲ့ Fan တွေမှန်းသိပြီး ဒါကြောင့် လည်း ‘100 Days My Prince’ ဒရာမာဟာ မအောင်မြင်စရာအကြောင်းမရှိတာလို့ ယုံကြည်ခဲ့ပါ တယ်” လို့ ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page