K pop

■ ဘဝမှာ လုံးဝမမေ့နိုင်တဲ့ အရာ (၃) ခုကို ပြောပြခဲ့တဲ့ Rosé

— – – သူမရဲ့ ဘဝကို ပြောင်းလဲစေခဲ့တဲ့၊ လုံးဝမမေ့နိုင်တဲ့ အရာ (၃)ခုကို Rosé ကိုယ်တိုင် ပြောပြခဲ့တာပါ။ BLACKPINK အဖွဲ့ဝင် Rosé အဖြစ် ပရိသတ်တွေ အချစ်ခံရဖို့ Rosé …

BLACKPINK အဖွဲ့ဝင် ပွဲမထွက်ခင် ၂၀၁၆ နှစ်စပိုင်းတုန်းကဆိုရင်တော့ Rosé ဟာ သူလိုကိုယ်လို ကောင်မလေးတစ်ယောက်ပါပဲ။ အခုတော့ Rosé က ကမ္ဘာအနှံက လူပေါင်းများစွာရဲ့ မေတ္တာတွေကို သိမ်းပိုက်ထားတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်နေပါပြီ။

ဒီနေ့ Rosé ဖြစ်အောင် လျှောက်ခဲ့ရတဲ့ လမ်းတွေဟာ ခက်ခဲပြီး အဲဒီမှာ မမေ့နိုင်တဲ့ အရာ (၃)ခုကို Rosé က W Magazine နဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

“ပထမဆုံးတစ်ခုက YG မှာ သင်တန်းသူအဖြစ် တက်ရောက်ခွင့်ရခဲ့ပြီး ကိုရီးယားကို လာတဲ့အချိန်ပါ။ ဖေဖေ၊ မေမေတို့နဲ့ အတူ ကိုရီးယားကို ကျွန်မ လာခဲ့တယ်။ ပြီးတော့ အဖွဲ့ဝင်တွေနဲ့ ပထမဆုံးအကြိမ် ကျွန်မ တွေ့ရတယ်။ ဒါက တစ်ဘဝလုံး လုံးဝမမေ့နိုင်တဲ့ အမှတ်ရဆုံးအခိုက်အတန့်ပါပဲ”- Rosé

“ဒုတိယတစ်ခုက ကျွန်မတို့ BLACKPINK အဖွဲ့ ပွဲထွက်တဲ့နေ့ပါ။ ပွဲစထွက်တဲ့ နေ့မှာ သင်တန်းသူဘဝက အဖြစ်အပျက်တွေ အားလုံးကို သတိရပါတယ်”- Rosé

“မမေ့နိုင်စရာ၊ အမှတ်ရစရာတွေကို အများကြီးပေါ့ရှင်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်က Coachella မှာ ဖျော်ဖြေခဲ့တာကိုတော့ ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘဲ အမှတ်ရဆုံးပါပဲ” – Rosé

— ဃဲ
Ref: Koreaboo

You cannot copy content of this page