K pop

■ Dating သတင်း ထွက်ပြီးနောက် G-Dragon နဲ့ Jennie ကို အတူတကွ တွေ့ရမယ့်ပွဲ

— – – အဲဒီပွဲကို သူတို့နှစ်ယောက်စလုံး တက်ရောက်မှာဖြစ်ပြီး နာမည်ကြီးဓာတ်ပုံဆရာတွေကို ငှားရမ်းထားတယ်လို့ …

ကမ္ဘာကျော် ဖက်ရှင် Brand တစ်ခုဖြစ်တဲ့ Chanel ဟာ ဒီနေ့ ပြင်သစ်စံတော်ချိန် နံနက် (၁၀း၃၀)နာရီ (မြန်မာစံတော်ချိန် ညနေ ၄ နာရီ)မှာ ကျင်းပမှာဖြစ်ပါတယ်။ ကိုရိုနာကပ်ဘေးကြောင့် ဒီပွဲကို ပရိသတ်တွေ တက်ရောက်နိုင်မှာ မဟုတ်ဘဲ ရုပ်သံကပဲ ကြည့်ရှုခွင့်ရရှိမှာ ဖြစ်ပါတယ်။

ဒီပွဲကို Chanel ရဲ့ ambassadors တွေလည်းဖြစ်၊ ကမ္ဘာကျော် ထိပ်တန်း K-Pop စတားတွေဖြစ်တဲ့ BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon နဲ့ BLACKPINK အဖွဲ့ဝင် Jennie တို့လည်း တက်ရောက်မှာဖြစ်ပြီး သူတို့အတွက် နာမည်ကျော် ဓာတ်ပုံဆရာတွေဖြစ်တဲ့ Inez နဲ့ Vinoodh တို့ကို ငှားရမ်းထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ အဲဒီပွဲအတွက် BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon နဲ့ BLACKPINK အဖွဲ့ဝင် Jennie တို့ရဲ့ အလန်းစားဓာတ်ပုံတွေကို Chanel က ထုတ်ဖော်ပြခဲ့ပြီး တစ်ဦးချင်းစီ ရိုက်ထားတာ ဖြစ်ပါတယ်။

G-Dragon နဲ့ Jennie နဲ့ ဒိတ်တင်းသတင်းဟာ ကမ္ဘာ့အနှံ့က ပရိသတ်တွေကို ကိုင်လှုပ်နိုင်ခဲ့ပေမဲ့ အနုပညာရှင်နှစ်ဦးစလုံးက အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုခြင်းမရှိသေးသလို၊ ဒါဟာ ကိုရီးယားရဲ့ ထိပ်တန်းအကြီးအကဲတွေရဲ့ သတင်းတွေကို ဖုံးဖို့ ဖန်တီးထားတဲ့ သတင်းဖြစ်တယ်လို့လည်း ပရိသတ်တွေက ယုံကြည်နေကြပါတယ်။

ပါရစ်ဖက်ရှင်ပွဲရဲ့ စတိတ်စင်နောက်ကွယ်က နာမည်ကျော်တွေရဲ့ ပုံရိပ်တွေကို မြင်တွေ့ရဖို့တော့ စိတ်စောနေတယ်လို့ ကိုရီးယားအင်တာနက်အသုံးပြုသူတွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

Ref: Koreaboo

You cannot copy content of this page