K pop

■ ပရိသတ်တွေရွေးချယ်တဲ့ ရွှေရောင်ဆံပင်နဲ့ အလိုက်ဖက်ဆုံး Idol အဖြစ် Taeyong သတ်မှတ်ခံရ

– – – NCT အဖွဲ့ဝင် Taeyong ဟာ ပရိသတ်တွေ ရွေးချယ်ပေးတဲ့…..

K-pop voting app ဖြစ်တဲ့ IDOL CHAMP မှာ “ငွေရောင်ဆံပင်နဲ့ အလိုက်ဖက်ဆုံး Idol က ဘယ်သူလဲ”ဆိုတဲ့ စစ်တမ်း တစ်ခု ကောက်ခံခဲ့ပါတယ်။

နှစ်ပတ်တာအတွင်း ပရိသတ်တွေ မဲပေးရွေးချယ်မှုအရ ငွေရောင်ဆံပင်နဲ့ အလိုက်ဖက်ဆုံး Idol အဖြစ် NCT အဖွဲ့ဝင် Taeyong က ရပ်တည်ခဲ့ပါတယ်။ Taeyong ဟာ မဲအရေအတွက် (၃၁.၇၅) ရာခိုင်နှုန်း ရရှိခဲ့တာ ဖြစ်ပါတယ်။

Taeyong ရဲ့ နောက်မှာတော့ ASTRO အဖွဲ့ဝင် Moobin က မဲအရေအတွက် (၂၈.၅) ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရှိနေခဲ့တာပါ။

အဆင့် (၃) နေရာမှာ MONSTA X’s Minhyuk, အဆင့် (၄) နေရာမှာ SEVENTEEN’s S.Coups နဲ့ အဆင့် (၅) နေရာမှာ MAMAMOO’s Moonbyul. တို့က ရပ်တည်နေတာ ဖြစ်ပါတယ်။

NCT အဖွဲ့ဝင် Taeyong ဟာ ပွဲထွက်ပြီးကတည်းက ငွေရောင်ဆံပင်ပုံစံကို မကြာခဏ ထားရှိတတ်သူဖြစ်ပြီး အဲဒီပုံစံနဲ့ အလွန်ကြည့်ကောင်းတယ်လို့ ပရိသတ်တွေက ယူဆလျက် ရှိနေတာပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page