K pop

■ IZ*ONE အဖွဲ့ဝင်တစ်ဦးကို ခေါ်ယူမယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး Big Hit Entertainment ရဲ့ ထုတ်ပြန်ချက်

— – – မကြာခင် ဖျက်သိမ်းတော့မယ့် IZ*ONE အဖွဲ့က အဖွဲ့ဝင်တစ်ဦးကို စာချုပ်ချုပ်ဖို့ လုပ်နေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ Big Hit Entertainment က …

အမျိုးသမီး (၁၂)ဦးနဲ့ ဖွဲ့စည်းထားတဲ့ Project girl group တစ်ခုဖြစ်တဲ့ IZ*ONE အဖွဲ့ဟာ လာမယ့်ဧပြီလမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဖျက်သိမ်းတော့မယ်လို့ Mnet က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၈ Mnet’s survival show ‘Produce 48’ က ဖွဲ့စည်းခဲ့တဲ့ IZ*ONE အဖွဲ့ဝင်တွေအနေနဲ့ ဧပြီလမှာ သူတို့ရဲ့အေဂျင်စီတွေကို ပြန်သွားမှာဖြစ်ပြီး ဂျပန် Idol တစ်ဦးဖြစ်တဲ့ Miyawaki Sakura ကတော့ Big Hit Entertainment နဲ့ စာချုပ်ချုပ်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ကနဦးသတင်းတွေရဲ့ဖော်ပြချက်အရ Miyawaki Sakura ဟာ IZ*ONE အဖွဲ့ဖျက်သိမ်းပြီးတာနဲ့ Big Hit Entertainment နဲ့ လက်တွဲမှာဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေကို ဆက်လုပ်သွားမယ်လို့ သိရပါတယ်။

ဒါပေမဲ့ အဲဒီသတင်းတွေထွက်ပေါ်လာပြီး မကြာခင်မှာပဲ Big Hit Entertainment က “အဲဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှ မဆုံးဖြတ်ရသေးပါဘူး”လို့ ထုတ်ပြန်ခဲ့တာပါ။

— ဃဲ
Ref: Koreaboo

You cannot copy content of this page