K pop

■ BTS ရဲ့ Big Hit Entertainment က သူတို့ရဲ့ ကုမ္ပဏီအမည်ကို တရားဝင်ပြောင်းလဲမယ်

— – – Big Hit Entertainment လို့ နောက်ဆို ခေါ်ခွင့်ရတော့မှာ မဟုတ်ဘဲ …

နာမည်ကျော် BTS အဖွဲ့ရဲ့ အေဂျင်စီဖြစ်တဲ့ Big Hit Entertainment က သူတို့ရဲ့ ကုမ္ပဏီအမည်ကို ပြောင်းလဲသွားဖို့ ရှိတယ်လို့ SPOTV က ဖော်ပြခဲ့ပါတယ်။

Big Hit Entertainment အမည်ပြောင်းမယ့် အစီအစဉ်တွေကို ပရိသတ်တွေ သတိထားမိခဲ့ကြပြီး လက်ရှိမှာ တရားဝင်အမည်ပြောင်းလဲဖို့အတွက် Korea’s Financial Supervisory Service ကို စာတင်ထားပြီလို့ သိရပါတယ်။

Big Hit Entertainment ထည်တောင်သူ Bang Si Hyuk က “ကျွန်တော်တို့က ကမ္ဘာပေါ်မှာ ဖျော်ဖြေရေးနဲ့ lifestyle platform မှာ ဦးဆောင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် Entertainment ဆိုတဲ့ အမည်ကို ဖြုတ်သွားမှာဖြစ်ပြီး အသစ်သစ်တွေ၊ ကောင်းမွန်တဲ့ Content တွေရဲ့ ယုံကြည်ရတဲ့ ပုံရိပ်ကို တည်ဆောက်သွားဖို့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်”လို့ ဆိုထားပါတယ်။

Big Hit Entertainment ဟာ သူတို့ရဲ့ ကုမ္ပဏီအမည်ကို HYBE Corporation အဖြစ် ပြောင်းလဲသွားမှာဖြစ်ပြီး ဂီတထုတ်လုပ်မှု၊ ဖျော်ဖြေရေး၊ စီမံခန့်ခွဲမှု၊ အင်တာနက်စီးပွားရေးတွေကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။

– ဃဲ
Source: SPOTV

You cannot copy content of this page