K pop

■ မနက်ဖြန်ထွက်မဲ့ Rosé ရဲ့ “On The Ground” MV ရိုက်ကွင်းကြောင့် ပရိသတ်တွေ အံ့အားသင့်

— – – အဲဒီလို အံ့အားသင့်ရလောက်အောင်လည်း YG ရဲ့ ရင်းနှီးမြှုပ်နှံ့မှုနဲ့ ပုံပြောင်းမှုက …

BLACKPINK အဖွဲ့ဝင် Rosé ဟာ သူမရဲ့ ပထမဆုံး Solo Debut ဖြစ် R Single Album ကို မနက်ဖြန် (မတ်လ ၁၂ ရက်)မှာ ထုတ်ဝေမှာ ဖြစ်ပါတယ်။

Rosé ရဲ့ “On The Ground” MV ရိုက်ကွင်းကို သိရှိသွားချိန်မှာတော့ ပရိသတ်တွေဟာ အံ့သြမှင်သက်ခဲ့ရတယ်လို့ ဆိုပါတယ်။ စက္ကန့်ပိုင်းကြာတဲ့ music video teaser မှာ Rosé အလွန်လန်းတဲ့ ဝတ်စုံကို ဝတ်ဆင်ထားပြီး အဆောက်အဦးတစ်ခုရှေ့မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ကိုရီးယား အင်တာနက်အသုံးပြုသူတွေဟာ Rosé ရဲ့ MV က တည်နေရာကို ရှာဖွေခဲ့ကြပြီး နောက်ဆုံးမှာတော့ Yongdu က နေရာဒေသတစ်ခုဆိုတာကို သိရှိခဲ့ကြပါတယ်။ (အောက်က ပုံပါ)

အဲဒီနေရာဟာ SEVENTEEN အဖွဲ့ရဲ့ GOING SEVENTEEN အပိုင်း (၃၉) မှာ ပါဝင်ခဲ့သေးတယ်လို့ သိရပါတယ်။

Rosé ရဲ့ “On The Ground” MV မှာတော့ အဲဒီနေရာက လုံးဝမမှတ်မိအောင် အလန်းစား ပြောင်းလဲနေရတာကြောင့် ပရိသတ်တွေက အံ့အားသင့်ခဲ့တာဖြစ်ပြီး အနုပညာရှင်တွေအတွက် YG ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ချီးကျူးခဲ့ကြပါတယ်။

— ဃဲ
Ref: SB

You cannot copy content of this page