— IU ရဲ့ Comeback Album ကိုမျှော်လင့်နေတဲ့ Uaena အတွက်တော့ နောက်နှစ်မှာ…
IU ဟာ နောက်နှစ်ထဲမှာ သူမအနေနဲ့ Comeback Album ထွက်ဖို့ စီစဉ်နေတယ်လို့ GQ Korea နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
အင်တာဗျူးမှာ IU က အသက်(၂၀)ကျော်အရွယ်ကို ခွဲခွာခါနီးနှုတ်ဆက်တဲ့အဓိပ္ပါယ်ကို ဖော်ကျူး ထားတဲ့ Album မျိုး ထုတ်လွှင့်မှာပါလို့ ပြောခဲ့ပါတယ်။
“ နောက်နှစ်ထဲမှာ Album သစ်ထွက်ဖို့ ကျွန်မ ပြင်ဆင်နေပါတယ်။ Album ရဲ့ Concept ကိုတော့ ခွဲခါ ခါနီးနှုတ်ဆက်တဲ့သဘောမျိုး ဖော်ကျူးဖို့ ဆုံးဖြတ်ထားပြီးပါပြီ။ ဘာလို့လည်းဆိုတော့ ဒီ Album ဟာ ကျွန်မရဲ့ အသက်(20)ကျော်အရွယ်ရဲ့ နောက်ဆုံး Album ဖြစ်လာမှာမို့လို့ပါ။
ကျွန်မဟာ အသက်(၁၈)နှစ်ကတည်းက Debut လုပ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဆယ်ကျော်သက်အရွယ် နဲ့ (20)ကျော်အရွယ်ပြောင်းလဲပုံအဆင့်ဆင့်ကို ပရိသတ်တွေကို တွေ့ခဲ့ရပါတယ်။ ကျွန်မကို အားပေး ပြီးစောင့်ကြည့်နေတဲ့ ပရိသတ်တွေအတွက် (20)ကျော်အရွယ် နှုတ်ဆက်တဲ့ မက်ဆေ့ချ်လေးပေးချင် တာဖြစ်ပါတယ်။ ဝမ်းနည်းတဲ့ပုံစံနဲ့မဟုတ်ဘဲ လင်းလက်တောက်ပတဲ့နည်းလမ်းနဲ့ဖြစ်ပါတယ်” လို့ IU က ပြောခဲ့ပါတယ်။
-m2t
Ref: Soompi