K pop

■ ပွဲထွက် Album ကို Rosé က ဘာကြောင့် “R” လို့ အမည်ပေးခဲ့တာလဲ ?

— – – ပွဲထွက် Album ကို R လို့ ပေးထားတဲ့ Rosé ရဲ့ ရည်ရွယ်ချက်က ဘာများဖြစ်မလဲ။ ဒါနဲ့ပတ်သက်လို့ Rosé ရဲ့ ရင်ဖွင့်ချက်က Touch ဖြစ်စေမှာ သေချာပါတယ်…

BLACKPINK အဖွဲ့ဝင် Rosé ဟာ မတ်လ (၁၂)ရက်က R လို့ အမည်ပေးထားတဲ့ Single Album နဲ့ Solo Debut ပြုလုပ်ခဲ့ပါတယ်။ Gone နဲ့ On the Ground သီချင်း (၂)ပုဒ် ပါဝင်တဲ့ Rosé ရဲ့ ပွဲထွက် Album R ဟာ Pre-order မှာ အမျိုးသမီး Soloist တွေထဲမှာ စံချိန်တင်ရောင်းချရတဲ့အထိ အောင်မြင်ခဲ့တာပါ။

အဲဒီ ပွဲထွက် Album ကို R ကို ပေးခဲ့ခြင်းနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲမှာ Rosé က အခုလိုပဲ ပြောပြခဲ့ပါတယ်။ Rosé က “Album R က လူတော်တော်များများ ခေါ်ကြတဲ့ ကျွန်မနာမည်ရဲ့ အစဆုံးစာလုံးဖြစ်ပြီး ကျွန်မရဲ့ Soloist ဘဝကို အစပြုတဲ့ စာလုံးလည်း ဖြစ်ပါတယ်။ R စာလုံးက ကျွန်မရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ဆိုတာထက် ကျွန်မကို မြင်တာနဲ့ လူတွေက R ကို သတိရဖို့ မျှော်လင့်ပါတယ်”လို့ ဆိုပါတယ်။

Rosé က ဆက်ပြီးတော့ သူမအနေနဲ့ R Album ကို အချိန်ကြာမြင့်စွာ ပြင်ဆင်ခဲ့ရကြောင်း၊ မျှော်လင့်နေတဲ့ BLINK တွေအတွက် လက်ဆောင်ဖြစ်ကြောင်းနဲ့ ဒီ Album ကို ပရိသတ်တွေ နှစ်သက်အားပေးဖို့ မျှော်လင့်တယ်လို့လည်း ဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် Rosé က Album R ဟာ သူမရဲ့အတွေးအခေါ် ခံစားချက်တွေအတိုင်း အသေးစိတ်ပုံဖော်ထားတာ ဖြစ်ကြောင်း၊ သီချင်းစာသားတွေကိုလည်း တေးရေးဆရာတွေနဲ့အတူ ကိုယ်တိုင်လည်း ပါဝင်ရေးသားခဲ့ကြောင်း၊ Soloist အဖြစ် ပထမဆုံး Album ဖြစ်လို့ သူမရဲ့အရိုးသားဆုံးဘဝကို ထင်ဟပ်အောင် အစွမ်းကုန်ကြိုးစားထားကြောင်း ပြောဆိုခဲ့ပါတယ်။

— ဃဲ
Source: Star Today

You cannot copy content of this page