K pop

■ Rosé ရဲ့ Solo Debut ကို BLACKPINK အဖွဲ့ဝင်တွေ ဘာတွေပြောထားလဲ

— – -တစ်ယောက်က တစ်သက်တာတဲ့။ နောက်တစ်ယောက် အမွှာလေးတဲ့။ နောက်တစ်ယောက်က …

မတ်လ (၁၂)ရက်က Rosé ဟာ R ဆိုတဲ့ Single Album နဲ့ Solo Debut ပြုလုပ်ခဲ့ပြီး အဲဒီအတွက် BLACKPINK အဖွဲ့ဝင်တွေရဲ့ အားပေးထောက်ခံမှုတွေကတော့ ဒီလိုရှိပါတယ်။

Jisoo က “ဒီတစ်ကြိမ်တော့ မင်းစိတ်ထဲ ရှိတဲ့အတိုင်း လုပ်နိုင်ဖို့ ငါ မျှော်လင့်ပါတယ်။ မင်း လုပ်ချင်တာတွေ အားလုံးကို လုပ်ပါလို့ ပြောခဲ့တယ်”လို့ Rosé က ဆိုပါတယ်။ Jisoo ဟာ Rosé သီချင်းထွက်လာပြီးနောက် IG Story မှာ “ငါတို့ရဲ့ Chaeng သီချင်း ထွက်ပြီ။ ဒါက တစ်သက်တာမှာ အကောင်းဆုံးသီချင်းပါပဲ”လို့ တင်ခဲ့ပါတယ်။

Lisa ကတော့ “ကျေးဇူးပြုပြီး ငါတို့ရဲ့ အချစ်ကလေး Rosé ရဲ့ Solo လေးကို အားပေးကြပါ။ ငါ့ရဲ့ အမွှာလေးပေါ့”လို့ ပရိသတ်တွေကို တောင်းဆိုထားပါတယ်။

Jennie ကတော့ “အန်ညောင် Rosie posie နောက်ဆုံးတော့ ဒီနေ့ ရောက်လာခဲ့ပြီပေါ့။ ဂုဏ်ယူပါတယ်။ မင်းအတွက် ငါ အရမ်းပျော်နေတယ်။ မင်းရဲ့ မှော်ဆန်တဲ့ အသံကို ကမ္ဘာကို ချပြဖို့ အကြာကြီးစောင့်ခဲ့ရတယ်ဆိုတာကို ငါသိပါတယ်။ ဒီသီချင်းကို အရင်ဆုံး နားထောင်ခွင့်ရခဲ့ပြီး အားလုံးက နှစ်သက်ကြမှာပါ။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မနေနဲ့ဦး။ Hank ကိုရောပေါ့”လို့ Rosé ဆီကို စာပို့ခဲ့တာပါ။

— ဃဲ
Ref: Koreaboo

You cannot copy content of this page