K pop

■ “On The Ground” နဲ့ iTunes အမျိုးသမီး Soloist တွေထဲမှာ စံချိန်တင်ခဲ့တဲ့ Rosé

— BLACKPINK အဖွဲ့ဝင် Rosé ရဲ့ ပထမဆုံး Solo Debut Single Album Title Track “On The Ground” ဟာ မတ်လ 12 နေ့က ထုတ်လွှင့်ပြီးနောက် iTunes မှာ အမျိုးသမီး Soloist အနေနဲ့ စံချိန်တစ်ခု စိုက်ထူခဲ့…

BLACKPINK အဖွဲ့ဝင် Rosé ရဲ့ ပထမဆုံး Solo Debut Single Album Title Track “On The Ground” ဟာ မတ်လ 12 နေ့က ထုတ်လွှင့်ပြီးနောက် 51 နိုင်ငံရဲ့ iTunes Song Charts ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တယ်လို့ YG Entertainment က ထုတ်ပြန်ခဲ့ပါတယ်။

Rosé ရဲ့ “On The Ground” ဟာ ထုတ်လွှင့်ပြီးမကြာခင် များစွာသော Korea Realtime Music Charts မှာ ထိပ်ဆုံးက ရပ်တည်ခဲ့သလို မတ်လ 13 ရက်နေ့မှာ ကမ္ဘာအနှံ့ 51 နိုင်ငံရဲ့ iTunes Song Charts တွေမှာလည်း #1 ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

မတ်လ 13 ရက် ကိုရီးယားစံတော်ချိန် 10:41 AM အရ United States, Canada, Brazil, Mexico, Chile, Spain, France, Greece, Portugal, Turkey, Hong Kong, Macau, Singapore, Thailand, Vietnam အပါအဝင် နိုင်ငံ 51 နိုင်ငံရဲ့ iTunes Song Charts တွေမှာလည်း #1 ရပ်တည်ခဲ့တာပါ။ ါကြောင့် Rosé ဟာ နိုင်ငံအများအပြားရဲ့ iTunes Song Charts မှာ #1 ရပ်တည်နိုင်တဲ့  အမျိုးသမီး Soloist အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် Rosé ရဲ့ “On The Ground” MV ဟာ စတင်ထုတ်လွှင့်ပြီး 22 နာရီအတွင်း YouTube Views 37 သန်းအထိ ရရှိခဲ့တယ်လို့လည်းသိရပါတယ်။ Rosé ဟာ “On The Ground” ပထမဆုံး ဖျော်ဖြေမှုကို မတ်လ 14 ရက်နေ့ SBS’s “Inkigayo.” မှာ ဖျော်ဖြေမှာလို့လည်းသိရပါတယ်။ နောက်ပြီး မတ်လ 16 ရက်နေ့ NBC’s “The Tonight Show Starring Jimmy Fallon” မှာ ပါဝင် ဖျော်ဖြေဦးမှာဖြစ်ပါတယ်။

-m2t
Ref: Soompi

 

You cannot copy content of this page