K pop

■ Jungkook ဟာ အသက်ငယ်ဆုံးနဲ့ အအောင်မြင်ဆုံး K-pop Idol တစ်ဦးလား

— BTS ရဲ့ Maknae လေး Jungkook ဟာ K-pop သမိုင်းမှာ အသက်ငယ်ဆုံးနဲ့ အအောင်မြင်ဆုံး K-pop Idol တစ်ဦးလားဆိုတာ…

BTS အဖွဲ့အနေနဲ့ GRAMMY ဆုပေးပွဲမှာ ပထမဆုံးအကြိမ် ဆန်ခါတင်စာရင်းဝင်ပြီးနောက် ကိုရီးယား မီဒီယာတွေနဲ့ Netizen တို့ရဲ့ ချီးကျူးမှုကိုခံခဲ့ရပါတယ်။

ဒီလို BTS အဖွဲ့အနေနဲ့ သမိုင်းအသစ်အသစ် တွေ စိုက်ထူနေတာကြောင့် K Netizen တွေဟာ အဖွဲ့ ရဲ့ အသက်ငယ်ဆုံးလေး Jungkook ကို K-pop သမိုင်းတစ်လျှောက် အငယ်ဆုံးနဲ့အအောင်မြင်ဆုံး K-pop Idol တစ်ဦးဆိုပြီး ညွှန်းဆိုခဲ့ကြပါတယ်။

နောက်ပြီး Jungkook ရဲ့ အသက်အရွယ်လိုက်အောင်မြင်မှုတွေကိုလည်း လူမှုကွန်ရက်မှာဖော်ပြခဲ့ကြ ပြီး ဂုဏ်ယူနေကြပါတယ်။ K Netizen တွေဖော်ပြထားတဲ့ Jungkook ရဲ့ အောင်မြင်မှုအချို့ကိုကြည့် ရင်…

17 years old – Debut and Rookie Awards

18 years old – World Rookie Awards

19 years old – 1st music show win

20 years old – 1st Daesang

21 years old – Billboard nomination + performance at the AMAs

22 years old – 1st place on Billboard 200 + UN speech + Order of Cultural Merit

23 years old – 1st place on Billboard 200 + Enter Grammy + Daesangs

24 years old – 3 weeks back-to-back on Billboard Hot 100 + Grammy nomination

(မှတ်ချက်- Jungkook ရဲ့ အသက်အရွယ်မှာ ကိုရီးယားစံနှုန်းအသက်အရွယ်ဖြစ်ပြီး နိုင်ငံတကာ အသက်စံနှုန်းထက် ကိုရီးယားအသက်စံနှုန်းတွက်ချက်မှုက (၁)နှစ် (သို့) (၂)နှစ်ကြီးပါတယ်)

-m2t
Ref: Allkpop

You cannot copy content of this page