K pop

■ ပထမဆုံး (၂၄)နာရီအတွင်း Views အများဆုံး K-Pop Soloist အဖြစ် Rosé မှတ်တမ်းဝင်

— – – (၈)နှစ်ကြာ တည်မြဲနေတဲ့ K-Pop Soloist စံချိန်ကိုကျော်ပြီး ကမ္ဘာတစ်ဝန်းက Soloist တွေထဲမှာလည်း Rosé က …

မတ်လ (၁၂)ရက်နေ့က R Single Album နဲ့ Soloist အဖြစ် ပွဲထွက်ခဲ့တဲ့ BLACKPINK အဖွဲ့ဝင် Rosé ရဲ့ ခေါင်းစီးသီချင်းဖြစ်တဲ့ “On The Ground” MV ဟာ You Tube မှာ စံချိန်ပေါင်းများစွာကို တင်နိုင်ခဲ့ပါတယ်။

Rosé ရဲ့ “On The Ground” MV ဟာ ပထမဆုံး (၂၄)နာရီအတွင်းမှာပဲ You Tube Views (၃၉)သန်းအထိ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ K-Pop Soloist သမိုင်းတစ်လျှောက်မှာတော့ စံချိန်သစ်တစ်ခု ဖြစ်ခဲ့ပါတယ်။

အရင်တုန်းက K-Pop Soloist တွေထဲမှာ ပထမဆုံး You Tube Views အများဆုံးစံချိန်ကို ပိုင်ဆိုင်ထားသူက PSY ဖြစ်ပြီး သူ့ရဲ့ နာမည်ကျော်သီချင်း “Gangnam Style” က You Tube Views (၃၈.၄)သန်းအထိ ရှိခဲ့တာ ဖြစ်ပါတယ်။

PSY ရဲ့ “Gangnam Style” MV ဟာ ၂၀၁၃ ဧပြီလကတည်းက K-Pop Soloist တွေထဲမှာ ပထမဆုံး (၂၄)နာရီအတွင်း Views အများဆုံး K-Pop Soloist MV အဖြစ် စံချိန်တင်ထားခဲ့တာဖြစ်ပြီး အခု Rosé ရဲ့ “On The Ground” MV က စံချိန်ချိုးကာ မှတ်တမ်းသစ် ရေးခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့တစ်ဝန်းက Soloist ထဲမှာတော့ Rosé ရဲ့ “On The Ground” MV က ပထမဆုံး (၂၄)နာရီအတွင်း Views အများဆုံး Soloist စာရင်းမှာ နံပါတ်(၄) ချိတ်ခဲ့ပါတယ်။ သူ့ရှေ့မှာ Taylor Swift ရဲ့ “Me” (65.2M), Ariana Grande ရဲ့ “Thank You Next” (55.4M) နဲ့ Taylor Swift ရဲ့ “Look What You Made Me Do” (43.2M)တို့က အစဉ်လိုက် ရပ်တည်နေတာ ဖြစ်ပါတယ်။

— ဃဲ
Ref: WMA

You cannot copy content of this page