K pop

■ MAMAMOO အဖွဲ့ဝင် Hwasa Date ချင်တဲ့ အနုပညာရှင်က ဘယ်သူလဲ

—Hwasa တစ်ယောက်ဒိတ်ချင်နေတဲ့ အနုပညာရှင်တစ်ဦးရှိနေပြီး..

K-pop Idol တွေဟာ Ideal Type တွေ၊ ဒိတ်ချင်တဲ့သူမျိုးတွေ စသဖြင့် အမျိုးမျိုး ရှိတတ်ကြတာ တွေ့ရမှာပါ။

သူတို့တွေဟာ အဲဒီလိုမျိုးအရာတွေကို အင်တာဗျူးတွေ၊ အစီအစဉ်တွေကနေ ဖွင့်ဟတတ်ကြပါတယ်။ MAMAMOO အဖွဲ့ဝင် Hwasa ကလည်း တစ်ခါတုန်းက သူ့ရဲ့ Ideal Type ပုံစံကို ဖွင့်ဟခဲ့ဖူးပါတယ်။

Hwasa ရဲ့ Ideal Type ကတော့ အပြစ်ကင်းစင်တဲ့ကောင်လေးမျိုး ပုံစံပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီး Hwasa က သူ့အကြိုက် အနုပညာရှင်ကို ထုတ်ဖော်ပြသခဲ့ရာမှာတော့ အားလုံးအံ့အားသင့်ခဲ့ကြရပါတယ်။

Hwasa ဟာ Social Media အကောင့်ကိုဖွင့်ပြီး သူကြိုက်တဲ့အနုပညာရှင်ကို ထုတ်ဖော်ခဲ့တာပါ။ Hwasa ပြသခဲ့သူကတော့ တခြားမဟုတ်ဘဲ အီတလီမင်းသား Michele Morrone ပါပဲ။

ဆက်လက်ပြီး Hwasa က သူမအနေနဲ့ Michele Morrone နဲ့ စိတ်ကူးထဲမှာ ဒိတ်လုပ်ခဲ့သေးကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။ “တလောကတုန်းကမှ ကျွန်မ သူနဲ့ စိတ်ကူးထဲမှာ ဒိတ်လုပ်ခဲ့သေးတယ်”လို့ Hwasa က ဆိုခဲ့တာပါ။

ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ဟာ လိုက်ဖက်တယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

– Chit Ko
Ref: Koreaboo

You cannot copy content of this page