K pop

■ မအားလပ်တဲ့ကြားက Rosé ရဲ့ ရိုက်ကွင်းကို သွားပြီး ၀န်းရံပေးခဲ့တဲ့ Jisoo

– – – Jisoo ကတော့ Rose’ ကို အပြည့်အ၀ ၀န်းရံခဲ့တာဖြစ်ပြီး….

မတ်လ (၁၂) ရက်နေ့မှာတော့ BLACKPINK အဖွဲ့ဝင် Rose’ ဟာ သူမရဲ့ Solo Debut ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Rose’ ရဲ့ On the Ground ဟာ ပရိသတ်တွေကြားမှာ ရေပန်းစားလျက်ရှိနေပြီး အောင်မြင်မှုတွေလည်း ရယူနိုင်ထားတာ တွေ့ရပါတယ်။ Solo Debut ပြုလုပ်တာနဲ့ ပတ်သက်ပြီး Rose’ ကို ပရိသတ်တွေသာမက BLCKPINK အဖွဲ့ဝင်တွေကလည်း ၀န်းရံခဲ့ကြတာပါ။

BLACKPINK အဖွဲ့ဝင် Jisoo ကတော့ Rose’ ရဲ့ MV ရိုက်ကွင်းအထိသွားပြီး အားပေးဝန်းရံခဲ့တာ ဖြစ်ပါတယ်။ Jisoo ဟာ သူမအနေနဲ့ Rose’ ရဲ့ ရိုက်ကွင်းဆီသွားတဲ့ မြင်ကွင်းကို Instagram မှာ မျှဝေခဲ့ပြီး သီချင်းတွေကိုလည်း Promote လုပ်ခဲ့ပါတယ်။

ဒါ့အပြင် Instagram Story မှာလည်း Jisoo ဟာ ဓာတ်ပုံတွေမျှဝေခဲ့ပါသေးတယ်။ ဓာတ်ပုံတစ်ပုံပေါ်မှာတော့ “ကျွန်မတို့ရဲ့ Chaeng’ လေး သီချင်းက ထွက်ပါပြီ။ တစ်ဘ၀လုံးအတွက် အကောင်းဆုံးသီချင်းပဲ”ဆိုတဲ့ Caption ကိုလည်းရေးသားခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာ Jisoo ကလည်း သူမရဲ့ ရိုက်ကူးရေးတွေနဲ့ မအားမလပ်ရှိနေတဲ့အချိန်ဖြစ်တာကြောင့် အခုလို မအားမလပ်ကြားထဲက Rose’ ကို ၀န်းရံပေးခဲ့တဲ့အတွက် BLINK တွေကတော့ ကြည်နူးခဲ့ရပါတယ်။

-Chit Ko
Ref: Koreaboo

You cannot copy content of this page