K pop

■ ကျဆုံးသွားတဲ့ သူရဲကောင်း Rosé ပရိသတ်အတွက် ဝမ်းနည်းဆုတောင်းပေးခဲ့ကြတဲ့ K Netizen တွေ

— လက်ရှိဖြစ်ပွားနေတဲ့ မြန်မာ့အရေးမှာ K-popper တွေကလည်း လက်မနှေးဘဲ တစ်ထောင့်တစ်နေ ရာကနေ Twitter၊ Instagram ပေါ်မှာ Keyboard Fighter တွေအဖြစ် အမိနိုင်ငံအတွက် ကြိုးပမ်းနေ ကြတာဖြစ်ပါတယ်။

မတ်လ 11 ရက်နေ့က မန္တလေးရဲတပ်ဖွဲ့နဲ့ စစ်တပ်ရဲ့ လက်ချက်ကြောင့် ကျဆုံးသွားတဲ့ အသက် 19 နှစ်အရွယ် ရတနာပုံတက္ကသိုလ်က ဘူမိဗေဒ ဒုတိယနှစ်ကျောင်းသား ကိုလင်းထက်ဟာ K-pop ကို ကြိုက်နှစ်သက်တဲ့ GZ တစ်ဦးဖြစ်ပြီး သူ့ရဲ့ ကျရှုံးမှုအတွက် ပြည်သူပြည်သားတွေအပါ K-popper တွေဟာ ဝမ်းနည်းမျက်ရည်တွေကျခဲ့ရပါတယ်။

တရားမှုအတွက် နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ တိုက်ခိုက်ခဲ့တဲ့ ကိုလင်းထက်အတွက် K-popper တွေဟာ BLACKPINK အဖွဲ့ဝင် Rose’ Solo Deubt မလုပ်ခင် Twitter ပေါ်မှာ Rose’ လေးရဲ့ Solo တောင် မမြင်နိုင်ရှာဘူးဆိုပြီး ဝမ်းနည်းတဲ့ ပို့စ်တွေ တင်ခဲ့ပါတယ်။ အဆိုပါပို့စ်တွေဟာ လက်ရှိအချိန် ကိုရီးယားလူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပြီး K Netizen တွေကလည်း ကျဆုံးသွားတဲ့ သူရဲကောင်းအတွက် ဝမ်းနည်းဆုတောင်းပေးခဲ့ကြပါတယ်။

“ သူ့အနေနဲ့ Rose’ ရဲ့ Solo ကို အလွန်မြင်ချင်ခဲ့မှာပဲ”

“ ကောင်းမွန်တဲ့နေရာမှာ ပျော်ရွှင်ပြီး ငြိမ်ချမ်းစွာအနားယူနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”

“ ဝိုး… Rose’ ရဲ့ Solo Debut မထွက်လာခင် ဒီသတင်းကြားမိလို့ ဝမ်းနည်းမိပါတယ်”

“ အလွန်ကြေကွဲစရာကောင်းတဲ့ အဖြစ်အပျက်ပါပဲ”

“ အို…နိုး…ဒီလိုအကြမ်းဖက်မှုတွေကို စကားလုံးနဲ့တောင် မဖော်ချင်ဘူး”

“ တောင်ကိုရီးယားဟာ တိုက်ခိုက်နေကြတဲ့ မြန်မာပြည်သူပြည်သားတွေကို ထောက်ခံနေပါတယ်”

စတဲ့ မှတ်ချက်အချို့နဲ့ K Netizen တွေက ဝမ်းနည်းဆုတောင်းအားပေးခဲ့ကြတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page