K pop

■ 2021 Nickelodeon Kids’ Choice Awards မှာ ဆု 3 ခုရရှိခဲ့တဲ့ BTS

—- BTS အဖွဲ့ဟာ 2021 ခုနှစ်အစမှာပဲ ဆုတွေသိမ်းပိုက်နေပြန်ပြီဖြစ်ပြီး 2021 Nickelodeon Kids’ Choice Awards မှာ ဆု 3 ခုရရှိခဲ့တယ်လို့ သိရပါတယ်။

2021 Nickelodeon Kids’ Choice Awards ဆုပေးပွဲကို မတ်လ 13 ရက် ဥရောပစံတော်ချိန် 7:30 PM မှာ ပြုလုပ်ခဲ့ပြီး BTS အဖွဲ့ဟာ Favorite Music Group ဆု၊ Favorite Song ဆု (with “Dynamite“) နဲ့ Favorite Global Music Star ဆုတို့ကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

BTS အဖွဲ့ဟာ အဆိုပါ ဆု(၃)ခု ဆန်ခါတင်စာရင်းမှာပါဝင်ခဲ့ပြီး အကုန်လုံးဆွတ်ခူးရရှိခဲ့တာလည်းဖြစ် ပါတယ်။ ဆုရရှိမှုအတွက် Acceptance Video မှာ RM က “ ကျွန်တော်တို့ကို ဒီ အံ့အားသင့်ဖွယ် ကောင်းတဲ့ ဆုတွေပေးအပ်ချီးမြှင့်တဲ့ Nickelodeon Kids’ Choice Awards ကို ကျေးဇူးတင်ပါတယ်” လို့ ပြောခဲ့သလို J-Hope ကလည်း “ ကျွန်တော်တို့ရဲ့ သီချင်း ‘Dynamite.’ ကို နှစ်သက်အားပေးကြ လို့ ကျေးဇူးတင်ပါတယ်” လို့လည်း ပြောခဲ့ပါတယ်။

BTS ဟာ 2018 Kids’ Choice Awards မှာ Favorite Global Music Star ဆုကို ရခဲ့ဖူးသလို 2020 ခုနှစ်မှာလည်း Favorite Global Music Star ဆုကိုလည်းရရှိခဲ့ပါတယ်။

-m2t
Ref: Soompi

 

You cannot copy content of this page