K pop

■ မတ်လအတွက် ပေါ်ပြူလာအဖြစ်ဆုံး Female Group များ

— မတ်လ Female Group Brand Reputation Rankings ထိပ်ဆုံးမှာ ဘယ်သူတွေ ရပ်တည်ခဲ့သလဲဆိုတာ….

မတ်လအတွက် Female Group Brand Reputation Rankings (30) Group စာရင်းကို Korean Business Research Institute ထုတ်ပြန်ခဲ့ပါပြီ။

မတ်လအတွက် Female Group Brand Reputation Rankings (30) Group စာရင်းရဲ့ ထိပ်ဆုံး နံပါတ် (၁)နေရာမှာ ဦးဆောင်ခဲ့တဲ့အဖွဲ့ကတော့ BLACKPINK အဖွဲ့ဖြစ်ပါတယ်။ BLACKPINK အဖွဲ့ ဟာ Reputation Index (3,672,760) ရရှိခဲ့ပြီး ထိပ်ဆုံးမှာ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

BLACKPINK ရဲ့နောက် နံပါတ် (၂) နေရာမှာတော့ 2017 track “Rollin’” သီချင်းနဲ့ အံ့အားသင့်ဖွယ် ပြန်လည်ကျော်ကြားလာခဲ့တဲ့ Brave Girls အဖွဲ့ကရပ်တည်နေခဲ့ပြီးReputation Index (3,556,213) ရရှိခဲ့ပါတယ်။ နံပါတ် (၃)နေရာမှာတော့ IZ*ONE အဖွဲ့က Reputation Index (2,648,050) ရရှိခဲ့ ကာ ရပ်တည်ခဲ့တာပါ။

Korean Business Research Institute ဟာ ဖေဖော်ဝါရီလ 14 ရက်နေ့ကနေ မတ်လ 14 ရက်နေ့ အထိ Female Group တွေရဲ့ အနုပညာလှုပ်ရှားမှုတွေ၊ မီဒီယာတွေရဲ့ဖော်ပြမှုတွေ၊ ဆိုရှယ်မီ ဒီယာမှာ ကျော်ကြား မှုတွေ စတဲ့ အချက်အလက်တွေကို တွက်ချက်ပြီး တစ်လအတွင်း ပေါ်ပြူလာ အဖြစ်ဆုံး ဒီစာရင်း ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။

မတ်လအတွက် Female Group Brand Reputation Rankings (30) Group စာရင်း

1# BLACKPINK ၊ 2# Brave Girls ၊ 3# IZ*ONE ၊ 4# (G)I-DLE ၊ 5# MAMAMOO ၊ 6# TWICE ၊ 7# Red Velvet ၊ 8# Oh My Girl ၊ 9# GFRIEND ၊ 10# Girls’ Generation

11# Dreamcatcher ၊ 12# LOONA ၊ 13# ITZY ၊ 14# aespa ၊ 15# Apink ၊ 16# Lovelyz ၊ 17# Weeekly ၊ 18# WJSN ၊ 19# TRI.BE ၊ 20# EXID

21# MOMOLAND ၊ 22# PIXY ၊ 23# Rocket Punch ၊ 24# LABOUM ၊ 25# fromis_9 ၊ 26# STAYC ၊ 27# APRIL ၊ 28# Girl’s Day ၊ 29# ELRIS ၊ 30# Weki Meki

-m2t
Ref: Soompi

You cannot copy content of this page