K pop

■ မတ်လအတွင်း မြင်တွေ့ရမယ့် EXO အဖွဲ့ဝင်တချို့ရဲ့ လှုပ်ရှားမှုများ

— – – နာမည်ကျော် ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တချို့ဟာ အခုမတ်လမှာ …

ပထမဆုံးအနေနဲ့တော့ EXO အဖွဲ့ရဲ့ Main Rapper ဖြစ်တဲ့ Chanyeol အကြောင်းပါ။ Chanyeol ကတော့ မတ်လ (၂၉)ရက်မှာ စစ်မှုတာဝန်ကို ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။ SM ကတော့ Chanyeol စစ်မှုထမ်းမယ့် နေရာဒေသနဲ့ အချိန်အတိအကျကို ဖော်ပြမှာ မဟုတ်သလို၊ အထူးတလည်ပွဲတွေ ဘာတွေလည်း လုပ်မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

Chanyeol ဟာ EXO အဖွဲ့မှာ Xiumin, D.O., Suho နဲ့ Chen တို့ပြီးနောက် (၅)ဦးမြောက် စစ်မှုထမ်းမယ့်သူဖြစ်ပြီး စစ်မှုမထမ်းခင် ပရိသတ်တွေအတွက် ရုပ်ရှင်တစ်ကား လက်ဆောင်ပေးခဲ့မှာပါ (သီးသန့် သတင်းတစ်ပုဒ်အနေနဲ့ ဖော်ပြမှာပါ)

နောက်တစ်ဦးကတော့ စစ်မှုတာဝန်ထမ်းဆောင်လို့ ပြီးသွားပြီဖြစ်တဲ့ EXO အဖွဲ့ရဲ့ အသက်အကြီးဆုံးအဖွဲ့ဝင် Xiumin အကြောင်းပါ။ Xiumin ကတော့ မတ်လ (၂၇)ရက်နေ့မှာ ‘ON: XIUWEET TIME’ ဆိုတဲ့ အွန်လိုင်းပရိသတ်တွေ့ဆုံပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။

Naver V LIVE ကတစ်ဆင့်ပြုလုပ်မယ့် Xiumin ရဲ့ အဲဒီအွန်လိုင်းပရိသတ်တွေ့ဆုံပွဲအတွက် လက်မှတ်တွေကို မတ်လ (၁၂)ရက်က စတင်ရောင်းချခဲ့ပြီး Yes24 ဝက်ဘ်ဆိုက်တစ်ဆင့် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

မတ်လအတွင်း လှုပ်ရှားမယ့် နောက် EXO အဖွဲ့ဝင်တစ်ဦးကတော့ Baekhyun ဖြစ်ပါတယ်။ Baekhyun ကတော့ မတ်လ (၃၀)ရက်နေ့မှာ ‘Bambi’ လို့ အမည်ပေးထားတဲ့ Mini Album ကို ထုတ်ဝေမယ်လို့ SM က အတည်ပြုထားပါတယ်။

အဲဒီ ‘Bambi’ ဟာ Baekhyun ရဲ့ တတိယမြောက် Solo Mini Album ဖြစ်လာမှာဖြစ်ပြီး သီချင်း (၆)ပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။ Baekhyun ရဲ့ ‘Bambi’ လို့ အမည်ပေးထားတဲ့ Mini Album ကိုတော့ Pre-order မှာယူလို့ ရပြီလည်း ဖြစ်ပါတယ်။

— ဃဲ
Ref: SB

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page