— – – BLACKPINK အဖွဲ့ဝင် Rosé ရဲ့ Solo Debut ကို သိပ်မကြာခင်မှာ မြင်တွေ့ရဖို့ ရှိပါတယ်။
သူမရဲ့ Solo Debut ကို မျှော်လင့်နေတဲ့ ပရိသတ်ပေါင်းများစွာရှိပါတယ်။ အခုဖော်ပြမှာက Rosé ရဲ့ ပြောင်မြောက်တဲ့ Cover သီဆိုမှုတွေဖြစ်ပြီး Rose’ ရဲ့ Solo Debut မတိုင်ခင် BLINK တွေအနေနဲ့ နားထောင်ထားသင့်တဲ့ သီချင်းတွေ ဖြစ်ပါတယ်။
1. Rosé – “Let It Be”, “You And I”, and “Only Look At Me” epic solo
BLACKPINK အဖွဲ့ရဲ့ Concert တစ်ခုမှာ Rose’က “Let It Be”, “You And I” နဲ့ “Only Look At Me”တို့ကို သီဆိုခဲ့တာဖြစ်ပြီး ပရိသတ်တွေအကြိုက်တွေ့ခဲ့ကြပါတယ်။
2. King of Masked Singers
Rose’ ဟာ King of Masked Singers ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သူမရဲ့အသံနဲ့ ပရိသတ်တွေရဲ့နှလုံးသားကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာRose’ ရဲ့ Jung Seunghwan သီချင်းIf It Is You ကို Cover သီဆိုမှုဟာ Youtube မှာပါ ပေါက်သွားခဲ့တာဖြစ်ပါတယ်။
3. “Can’t Help Falling In Love” cover
Rose’ ဟာ စင်ပေါ်မှာတင် Cover သီချင်းတွေသီဆိုသူမဟုတ်ပါဘူး။ သူမရဲ့ Live တစ်ခုမှာ Rose’ ဟာ စန္ဒရားတီးရင်း “Can’t Help Falling In Love”ဆိုတဲ့သီချင်းကို သီဆိုခဲ့ပါသေးတယ်။
4.Halsey- “Eyes Closed”
Rose’ ဟာ Halsey ရဲ့ “Eyes Closed” သီချင်းကို Japan Concert တစ်ခုမှာ သီဆိုခဲ့တာဖြစ်ပြီး နောက်ပိုင်း Instagram မှာ တင်ခဲ့ရာမှာတော့ ပရိသတ်တွေရဲ့ နှစ်သက်အားပေးခြင်းကို ခံခဲ့ရပါတယ်။ Rose’ ကိုယ်တိုင်က သူမအနေနဲ့ Solo Debut လုပ်ရင် Eyes Closed လို သီချင်းအမျိုးအစားတွေကို သီဆိုချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
5. Irreplaceable
Fantastic Duo မှာ ဝါရင့်အဆိုတော် Gummy နဲ့ ပူးပေါင်းသီဆိုခဲ့တဲ့ Rose’ရဲ့ Irreplaceable Cover ကလည်း ပရိသတ်တွေကို စိတ်ကျေနပ်စေခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။
6. Officially Missing You
Rose’ ဟာ JYP ရဲ့ Party People အစီအစဉ်မှာ ပါဝင်ခဲ့ပြီး အဲဒီအီအစဉ်မှာ CN Blue အဖွဲ့ဝင် Jung Yong Hwa နဲ့အတူ Officially Missing You သီချင်းကို ဂီတာတီးရင်းသီဆိုခဲ့ပါတယ်။
7. Rose’ရဲ့ စန္ဒရားလက်စွမ်း
Rose’ဟာ သူမရဲ့ အသံတစ်ခုနဲ့တင် ဆွဲဆောင်မှုရှိတာမဟုတ်ဘူးဆိုတာကို ဖီလစ်ပိုင် Concert တစ်ခုမှာ သက်သေပြခဲ့ပါတယ်။အဲဒီပွဲမှာ စန္ဒရားလက်စွမ်းပြခဲ့တဲ့ Rose’ကို ပရိသတ်တွေက အလွန်သဘောကျခဲ့ကြပါတယ်။
8. Love Yourself Cover
Jisoo နဲ့အတူ Radio Star အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ Rose’ ဟာ Justin bieberရဲ့ Love Yourself သီချင်းကို သီဆိုပြခဲ့တာဖြစ်ပါတယ်။
– ဃဲ
Ref: Koreaboo, Photos & Video Credit.
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***