K pop

■ DDU-DU DDU-DU စံချိန်ကို ချိုးခဲ့တဲ့ How You Like That

— – – BLACKPINK စံချိန်ကို BLACKPINK ပဲ ချိုးနိုင်တယ်ဆိုတဲ့ သက်သေလည်း ဖြစ်ပါတယ် …

မတ်လ (၁၃)ရက်နေ့ ကိုရီးယားစံတော်ချိန် ည (၁၀) နာရီလောက်မှာ BLACKPINK အဖွဲ့ရဲ့ “How You Like That” MV ဟာ You Tube မှာ Views သန်း (၈၀၀) ကျော်သွားခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် ဇွန်လ (၂၆)ရက်မှာ ထုတ်ဝေခဲ့တဲ့ BLACKPINK အဖွဲ့ရဲ့ “How You Like That” MV ဟာ (၈)လနဲ့ (၁၅)ရက်အကြာမှာပဲ You Tube Views သန်း (၈၀၀) ကျော်ခဲ့တာဖြစ်ပြီး K-Pop အမျိုးသမီးအဖွဲ့တွေထဲမှာတော့ You Tube Views သန်း (၈၀၀) အမြန်ဆုံးပြည့်မြောက်တဲ့ MV အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အရင်တုန်းက Tube Views သန်း (၈၀၀) အမြန်ဆုံးပြည့်မြောက်တဲ့ MV အဖြစ် စံချိန်တင်ထားတာက BLACKPINK အဖွဲ့ရဲ့ နာမည်ကျော် သီချင်းဖြစ်တဲ့ “DDU-DU DDU-DU” ဖြစ်ပြီး (၁၀)လ၊ (၂၆)ရက်နဲ့ ဖြစ်ပါတယ်။

ဒါ့အပြင် “How You Like That” ဟာ “DDU-DU DDU-DU,” “BOOMBAYAH,” “Kill This Love,” နဲ့ “As If It’s Your Last” တို့ပြီးနောက် BLACKPINK အဖွဲ့အတွက် You Tube Views သန်း (၈၀၀) ကျော်တဲ့ ပဉ္စမမြောက် MV အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

— ဃဲ
Ref: Soompi
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page