K pop

■ Chanyeol စစ်မှုမထမ်းခင်မှာ EXO-L တွေ ရှုစားရမယ့် The Box

— – – ဂီတလောကမှာ အောင်မြင်ချင်တဲ့ လူငယ်တစ်ယောက်၊ ဖုံးကွယ်ထားခြင်းမရှိဘဲ လူတွေရှေ့မှာ သီချင်းဆိုဖို့ ကြိုးစားမယ့် Chanyeol ရဲ့ အကြောက်တရားကို တွန်းလှန်ပုံကို ….

EXO အဖွဲ့ဝင် Chanyeol နဲ့ သရုပ်ဆောင် Jo Dal Hwan တို့ ခေါင်းဆောင်အဖြစ် ပါဝင်ထားတဲ့ The Box ဇာတ်ကားရဲ့ Trailer တွေ၊ Teaser ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပြီး ပရိသတ်တွေအကြား အတော်လေး ရေပန်းစားနေပါတယ်။

The Box ဇာတ်ကားမှာ Chanyeol ကို Jihoon ဆိုတဲ့ ကောင်လေးအဖြစ် မြင်တွေ့ရမှာပါ။ ဒီဇာတ်လမ်းကတော့ တစ်ကိုယ်လုံးကို ဖုံးကွယ်ထားတဲ့သေတ္တာလေးနဲ့မှ သီချင်းဆိုနိုင်တဲ့ကောင်လေးတစ်ယောက်ရဲ့ ဂီတခရီးကြမ်းကို ပုံဖော်ထားတာဖြစ်ပြီး Jo Dal Hwan ကိုတော့ Formsa ရဲ့ ပရိုဂျူဆာ Minsoo အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ Chanyeol ရဲ့ ဂစ်တာစွမ်းရည်နဲ့ သီချင်းတွေကိုပါ နားဆင်နိုင်မှာဖြစ်ပြီး အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

The Box ဇာတ်ကားကိုတော့ အခု မတ်လ (၂၄)ရက်မှာ ထုတ်ဝေမှာဖြစ်ပြီး Chanyeol ကတော့ မတ်လ (၂၉)ရက်မှာ စစ်မှုတာဝန် ထမ်းဆောင်မှာ ဖြစ်ပါတယ်။

— ဃဲ
Ref: SB

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page