K pop

■ တောင်ကိုရီးယားရဲ့ နေရာတိုင်းမှာ Kai ရှိတယ်

— – – တောင်ကိုရီးယားကို ရောက်ပြီဆိုရင် Kai နဲ့ တွေ့ရပြီလို့သာ မှတ်လိုက်ပါလို့ ပြောရမလိုပါပဲ …

ချောမောလှပတဲ့ မျက်နှာ၊ ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်အချိုးအစား၊ နှစ်လိုဖွယ်အသံနဲ့ စွဲမက်ဖွယ် အကစွမ်းရည် ဒါတွေကို ပိုင်ဆိုင်ထားတဲ့ EXO အဖွဲ့ဝင် Kai ကို ထိပ်တန်း Brand တွေ အပြိုင်လုကြတာ သိပ်တော့လည်း အံ့သြစရာ မဟုတ်ပါဘူးလေ။ ဒီတော့ Kai ရဲ့ မျက်နှာကို တောင်ကိုရီးယားရဲ့ နေရာတိုင်းမှာ တွေ့နိုင်ပြီပေါ့။

ANDY WARHOL ART EXHIBITION


“Andy Warhol: The Beginning” Art Exhibition ရဲ့ Voice Ambassador အဖြစ် Kai ရွေးချယ်ခံထားရတာပါ။ Andy Warhol: Beginning Seoul က သူတို့ရဲ့ ကြော်ငြာကို Hyundai Seoul မှာ တင်ထားပြီး အဲဒီပြပွဲက ဖေဖော်ဝါရီ (၂၅)ရက်နေ့ကနေ ဇွန်လ (၂၇)ရက်အထိ ဖြစ်ပါတယ်။

BCC ‘BlackYak Climbing Crew’


ခရီးသွားအသုံးအဆောင်တွေ၊ အိတ်တွေ ထုတ်လုပ်တဲ့ BCC ‘BlackYak Climbing Crew’ က Kai ကို သူတို့ရဲ့ ကြော်ငြာမော်ဒယ်အဖြစ် ရွေးချယ်ထားတာပါ။ BCC ‘BlackYak Climbing Crew’ က သူတို့ရဲ့ ကြော်ငြာတွေကို တောင်ကိုရီးယားနိုင်ငံတစ်ဝန်းက ဘတ်စ်ကားတွေ၊ Billboard တွေမှာ ကပ်ထားတာကြောင့် Kai က ဘယ်မှာဖြစ်ဖြစ် မြင်ရမှာပါ။

GUCCI : ‘KAI x Gucci Collection’


Gucci Global Ambassador ဖြစ်တဲ့ Kai အတွက် Gucci က ‘KAI X Gucci Epilogue Collection’ ဆိုပြီး သီးသန့် လုပ်ပေးထားတာပါ။ Gucci က သူတို့ရဲ့ Latest Collection ကို ပြီးခဲ့တဲ့တစ်ပတ်ကမှ ထုတ်ထားတာကြောင့် ကြော်ငြာအား ကောင်းကောင်းနဲ့ ပရိုမိုးရှင်းလုပ်နေပြီး Kai ဟာ နေရာအနှံ့မှာကို ရှိနေတာပါ။

— ဃဲ
Ref: AKP

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page