K pop

■ Rosé ရှေ့မှာ ဒီစကားသွားပြောမိလို့ကတော့ Lisa ရဲ့ Iconic စကားလုံးတွေနဲ့ ကိုင်ပေါက်ခံရလိမ့်မယ်

— – – Lisa ရဲ့ Iconic စကားလုံးကို Rosé အပိုင်သိမ်းထားပုံရပြီး အကွက်ထဲ ဝင်လာတဲ့သူ မှန်သမျှ တစ်ယောက်မှ မလွတ်မပေးဘဲ လှော်လေ့ရှိတယ်ဆိုလို့ …

BLACKPINK အဖွဲ့ဝင်တွေဟာ သင်တန်းသူဘဝကတည်းက အလွန်ခင်မင်သူတွေဖြစ်လို့ အချင်းချင်း စနောက်ရင်း ပျော်ရွှင်လေ့ရှိကြပြီး တစ်ယောက်ပုံစံကို တစ်ယောက်အတုခိုး လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

Youth With You 3 အတွက် ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ Lisa က BLACKPINK အဖွဲ့မှာ သူမရဲ့ ပုံစံကို အတုခိုးပြီး အများဆုံး လုပ်လေ့ရှိတဲ့ အဖွဲ့ဝင်ကို ဖော်ထုတ်ဝန်ခံခဲ့တာပါ။

BLACKPINK အဖွဲ့ဝင်တွေထဲမှာ Lisa ကို အတုခိုးပြီး စနောက်လေ့ရှိသူကတော့ သူနဲ့ တစ်နှစ်တည်းမွေးတဲ့ Rosé ဖြစ်တယ်လို့ Lisa က ဆိုပါတယ်။ Rosé ဟာ Lisa ပုံစံလိုက်လုပ်ရုံသာမက Lisa ရဲ့ Iconic စကားလုံးကိုပါ မောင်ပိုင်စီးထားတာ ဖြစ်ပါတယ်။

Youth With You 2 မှာ Lisa Mentor လုပ်တုန်းက ကကွက်လေ့ကျင့်ရာမှာ အမှားများတဲ့ သင်တန်းသူတစ်ယောက်က တောင်းပန်ခဲ့တဲ့အခါ Lisa က မျက်နှာထားတင်းတင်းနဲ့ “ငါ့ကို တောင်းပန်စရာမလိုဘူး။ နင့်သူငယ်ချင်းတွေကို တောင်းပန်လိုက်”ဆိုပြီး ပြောခဲ့တဲ့စကားဟာ အလွန်ကို ရေပန်းစားခဲ့ပါတယ်။

အဲဒီစကားကို အခုတော့ Rosé က မောင်ပိုင်စီးထားတာဖြစ်ပြီး တစ်ယောက်ယောက်က Rosé ကို တောင်းပန်တယ်လို့ ပြောတဲ့အခါမျိုးမှာ Rosé က “ငါ့ကို တောင်းပန်စရာမလိုဘူး။ နင့်သူငယ်ချင်းတွေကို တောင်းပန်လိုက်”ဆိုပြီး Lisa ပြောသလို ပြောလေ့ရှိတယ်လို့ Lisa က ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

— ဃဲ
Ref: Koreaboo

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page