K pop

■ K-pop သမိုင်းမှာ အသက်ငယ်ဆုံး Debut လုပ်နိုင်မယ့် အမျိုးသမီးအဖွဲ့သစ်

— ဒီအမျိုးသမီးအဖွဲ့သစ်ဟာ K-pop သမိုင်းမှာ အသက်ငယ်ဆုံးနဲ့ Debut လုပ်နိုင်မယ့် အမျိုးသမီး အဖွဲ့အဖြစ် မှတ်တမ်းဝင်…

မတ်လ 11 နေ့က HR Entertainment ဟာ K-pop သမိုင်းမှာ အသငယ်ဆုံးနဲ့ Debut နိုင်မယ့် အမျိုး သမီးအဖွဲ့သစ်ကို ကြေညာခဲ့ပါတယ်။ HR Entertainment က အမျိုးသမီးအဖွဲ့သစ်ရဲ့နာမည်မှာ CooKie ဖြစ်တယ်လို့ ကြေညာခဲ့ပြီး ပထမဆုံး Official digital album မှာ ‘I think I really like you.’ လို့ ထုတ်ပြန်ခဲ့ပါတယ်။

CooKie အဖွဲ့ထဲမှာ အဖွဲ့ဝင် 5 ဦးပါဝင်မှာဖြစ်ပြီး အမျိုးသမီးတွေရဲ့ ပျမ်းမျှအသက်အရွယ်ဟာ 13 နှစ်ဖြစ်ပါတယ်။ သူတို့ရဲ့ Debut ကို မတ်လ 15 ရက်နေ့မှာပြုလုပ်မှာပါ။

CooKie အဖွဲ့ထဲက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Hannah ဟာ Debut မလုပ်ခင်ကတည်းက Wonder Girls’ Sohee နဲ့ တူလို့ နာမည်ကြီးနေသူဖြစ်ပြီး ‘Little Sohee.’ လို့လည်း ပရိသတ်တွေက နာမည်ပြောင် ပေးထားကြပါတယ်။

အေဂျင်စီရဲ့ ထုတ်ပြန်ချက်အရ CooKie အဖွဲ့ဝင်တွေဟာ ပျမ်းမျှ အသက် 13နှစ်အရွယ်တွေဖြစ်တာ ကြောင့် ကျောင်းတစ်ဖက်အပြင် အသက်မပြည့်သေးတာကြောင့် အချို့လှုပ်ရှားမှုတွေတော့ ကန့်သတ် မှုတွေရှိတယ်လို့ သိပါတယ်။ ဒါပေမဲ့ အဖွဲ့ကတော့ စတိတ်စင်ပေါ်မှာ ဖျော်ဖြေဖို့ အဆင်သင့်ဖြစ်နေပြီ လို့ ကြေညာခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page