K pop

■ Stock Pre-Orders ထပ်တိုးစံချိန်တင်လိုက်တဲ့ Rosé

—- Female K-Pop Soloist တစ်ဦးအနေနဲ့ Stock Pre-Order အရောင်းရဆုံး စံချိန်တင်ထားတဲ့ Rosé ဟာ ထပ်တိုးစံချိန် ဆက်လက်…

BLACKPINK အဖွဲ့ဝင် Rosé ဟာ သူမရဲ့ ပထမဆုံး Solo Album “R” မထွက်ခင်မှာရော ထွက်ပြီးမှာ ပါ စံချိန်တွေစိုက်ထူနေတာဖြစ်ပါတယ်။ Rosé ဟာ Album သစ်ကို မတ်လ 4 ရက်နေ့ကတည်းက Stock Pre-Order ကောက်ယူခဲ့ပြီး မတ်လ 9 ရက်နေ့မှာ YG Entertainment က Rosé ရဲ့ Album “R” အနေနဲ့ Stock Pre-Order 400000 Copies ရောင်းချနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

Rosé ဟာ အဆိုပါ Stock Pre-Order 400000 Copies မတ်လ 8 ရက်နေ့အထိ 4 ရက်ကတည်းက ရောင်းချနိုင်ခဲ့တာဖြစ်ပြီး Korean female soloists တွေအနက် Stock Pre-Order အရောင်းရဆုံး Soloist အဖြစ် မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။

အခုအခါ မတ်လ 15 ရက်နေ့မှာ YG Entertainment က Rosé ဟာ Stock Pre-Order 500000 ကျော်ရောင်းချနိုင်ခဲ့ပြီး သူမရဲ့ ထပ်တိုးစံချိန်ကို စိုက်ထူနိုင်ခဲ့သလို Korean female soloist တွေထဲ မှာ အမြင့်ဆုံးရောင်းအားဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အရင်တုန်းကလည်း BLACKPINK အဖွဲ့ဟာ “THE ALBUM” နဲ့ stock pre-orders 1 သန်းရောင်းချ နိုင်တဲ့ ပထမဆုံး K-pop Girl Group အဖြစ် မှတ်တမ်းဝင်ထားခဲ့ပြီး Rosé ကတော့ အဖွဲ့နဲ့ရော Soloist နဲ့ရော စံချိန်တွေတင်ထားတာဖြစ်ပါတယ်။

-m2t
Ref: Soompi

You cannot copy content of this page