— BTS အဖွဲ့ဝင် ခေါင်းဆောင် RM က Grammy ဆုမရတဲ့အပေါ် စိတ်မပျက်ဘဲ သူတို့ရဲ့ အတွေးကို ပြောပြခဲ့သလို ရှေ့ဆက်ပြီး ပိုကြိုးစားသွားမယ်လို့လည်း ပြောခဲ့…
K Netizen တွေနဲ့ ARMY တွေဟာ BTS အဖွဲ့အနေနဲ့ Grammy ဆုပေးပွဲမှာ ဆုယူရပြီး သမိုင်းသစ် ထိုးနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် မဖြစ်လာခဲ့ပါဘူး။ ဒါပေမဲ့ မတ်လ 15 ရက်နေ့မှာတော့ BTS အဖွဲ့ ဟာ Live လွှင့်ပြီး Grammy ဆုနဲ့ပတ်သက်ပြီး သူတို့ရဲ့ အတွေးတွေကို ပြောပြခဲ့ပါတယ်။
Live အတွင်းမှာ RM က “ ပရိသတ်အများစုကတော့ ကျွန်တော်တို့အတွက် Grammy ဆုကို မျှော်လင့် ထားကြမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆုမရခဲ့တဲ့အခြေအနေကို သင်ခန်းစာအနေနဲ့ မှတ် ယူပြီး ရှေ့ဆက်တိုက်ပွဲဝင်ရမယ်ဆိုတဲ့ လက္ခဏာကို ကျွန်တော်တို့ ဆောင်ယူခဲ့ပါတယ်။
သတင်းအနည်းငယ်မှာ ကျွန်တော်တို့ ကျရှုံးပြီးလို့ ရေးသားနေတာ တွေ့ကြပါတယ်။ တကယ်တော့ Grammy ဆုမရတာဟာ ကျွန်တော်တို့အတွက် ကျရှုံးမှုမဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ Grammy မှာ ပထမဆုံး ဆန်ခါတင်စာရင်းဝင်ဖူးတာပါ။ အဖွဲ့အနေနဲ့ ပထမဆုံး ဆန်ခါတင်စာရင်းဝင်ခဲ့သလို Solo ဖျော်ဖြေမှုကိုလည်း လုပ်နိုင်ခဲ့ပါတယ်။ ဆုပေးပွဲမှာ ကျွန်တော်တို့ရဲ့ တောက်ပတဲ့ အခြားတစ်ဖက် ကိုလည်း ဖော်ပြနိုင်ခဲ့ပါတယ်။
ကျွန်တော်တို့ ဆုမရခဲ့လို့ စိတ်မပျက်ဘူးဆိုရင်တော့ လိမ်ရာကျမှာပါ။ ဒါပေမဲ့လည်း ကျွန်တော်တို့ အကောင်းဆုံးဖြစ်ခဲ့တယ်…ဟုတ်…ခဏစောင့်ပါ… Grammy 2021 … ဆန်ခါတင်စာရင်းဝင်ဖို့ အ ကောင်းဆုံးကြိုးစားပြီး စွမ်းဆောင်သွားဦးမှာပါ။ ပရိသတ်တွေအားလုံး ဂုဏ်ယူအောင် ပြုလုပ်သွားမှာ ပါ” လို့ ပြောခဲ့ပါတယ်။
-m2t
Ref: SBSstar