K pop

■ လွန်ခဲ့တဲ့ (၇) နှစ်တုန်းက BTS ကို ငြင်းပယ်ခဲ့ဖူးတာကို Park Myung Soo နောင်တရ

– – -Park Myung Soo ကတော့ သူ့အနေနဲ့ လွန်ခဲ့တဲ့ (၇ )နှစ်က BTS အဖွဲ့အပေါ်…..

KBS Cool FM ရဲ့ Park Myung Soo’s Radio Show မှာ ကိုရီးယား နာမည်ကျော် အဆိုတော် Park Myung Soo ကတော့ သူ့အနေနဲ့ အတိတ်မှာတုန်းက BTS အဖွဲ့ကို ငြင်းပယ်ခဲ့ဖူးကြောင်း ဖွင့်ဟခဲ့ပါတယ်။’

Park Myung Soo ဟာ တစ်ခေတ်တစ်ခါက နာမည်ကျော်အဆိုတော်ဖြစ်ပြီး BTS အဖွဲ့ ပရိသတ်လည်း ဖြစ်ပါတယ်။ သူသာမက သူ့ရဲ့ (၁၁) နှစ်အရွယ် သမီးလေးကလည်း BTS အဖွဲ့ပရိသတ်ဖြစ်ပြီး BTS အဖွဲ့ဝင်တွေနဲ့ လက်ထက်ချင်တယ်ဆိုတဲ့စကားကလည်း ပရိသတ်တွေကြား ရေပန်းစားခဲ့ပါသေးတယ်။

BTS နဲ့ ပတ်သက်ပြီး Park Myung Soo က “BTS ရဲ့ သီချင်းတွေအားလုံးက ကောင်းပေမဲ့ Dynamite ကတော့ လုံးဝထူးခြားပါတယ်။ လုံးဝခေတ်ဆန်ပြီး ဒီလိုသီချင်းမျိုး ဖန်တီးနိုင်ခဲ့အတွက်လည်း အံ့အားသင့်ရပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဒါပေမဲ့ အတိတ်တုန်းက BTS အဖွဲ့ နာမည်မကြီးခင်တုန်းကတော့ Park Myung Soo ကို ငြင်းဆန်ခဲ့ဖူးတာ ရှိပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး Park Myung Soo က “လွန်ခဲ့တဲ့ (၇ )နှစ်လောက်က သူတို့က ကျွန်တော့်ကိုလာပြီး “ကျွန်တော်တို့က BTS တွေပါ”လို့ နှုတ်ဆက်ခဲ့တယ်။ ကျွန်တော်နဲ့အတူ ဓာတ်ပုံတွဲရိုက်ဖို့ သူတို့က တောင်းဆိုခဲ့တယ်”လို့က ဖွင့်ဟခဲ့တာပါ။

ဒီအခါမှာ Park Myung Soo က ဒီအတိုင်းပဲ ကျော်သွားခဲ့ကြောင်း၊ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး နောင်တရနေဆဲဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ တစ်ခါတုန်းကလည်း Park Myung Soo က သူ့အနေနဲ့ အတိတ်မှာတုန်းက BTS အဖွဲ့ကို ပိုမိုကောင်းမွန်စွာ ဆက်ဆံခဲ့သင့်ကြောင်း ဖွင့်ဟခဲ့ပါသေးတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page