K-pop Idol တွေရဲ့ စတိတ်အမည်တွေဟာ ထူးခြားပြီး အဓိပ္ပါယ်ရှိတဲ့အမည်တွေဖြစ်ပါတယ်။ ဒီနာမည် တွေကိုပဲ ပရိသတ်တွေက Concert တွေမှာ အော်ဟစ်ကြဖို့ နှစ်သက်ကြတာပါ။ အချို့ Idol တွေရဲ့နာ မည်ကတော့ ခေါ်ရလွယ်ပြီး နာမည်နှစ်လုံးပူးတွေနဲ့ ချစ်စရာကောင်းနေပြန်ပါတယ်။ မှတ်မိရလွယ် တယ်။ အော်ဟစ်ရတာလွယ်တဲ့ အမည်တွေပါ . . .
ASTRO’s Jinjin
ASTRO အဖွဲ့ဝင် Jinjin ဟာ တောင်ကိုရီးယား Gyeonggi-do ၊ Ilsan ကဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ရင်းကတော့ Park Jinwoo ပါ။
GOT7’s BamBam
BamBam ကတော့ အားလုံးသိတဲ့ ထိုင်းနိုင်ငံကပါ။ သူ့ရဲ့ အမည်ရင်းအတိုကလည်း BamBam ပဲဖြစ် ပါတယ်။ BamBam ရဲ့ အမေက သူ့ကို Flintstones ကာတွန်းဇာတ်ကောင်အမည်ကို မှည့်ပေးထား တာလို့သိရပါတယ်။ Flintstones ကာတွန်းဇာတ်ကောင်လို သန်မာစေဖို့အတွက် သူ့သားရဲ့အမည်ကို BamBam လို့မှည့်ထားတာလို့ မိခင်ဖြစ်သူက ဖွင့်ဟခဲ့ဘူးပါတယ်။
OH MY GIRL’s Mimi
OH MY GIRL အဖွဲ့ဝင် Mimi ရဲ့ အမည်ရင်းက Kim Mihyun ဖြစ်ပြီး သူမဟာ ဂျယ်ဂျူကျွန်းဇာတိဖြစ် ပါတယ်။
TWICE’s Momo
ဂျပန်မလေးဆိုတာ မပြောလည်းသိတဲ့ Momo ပါ။ Momo ရဲ့ မွေးနာမည်က Hirai Momo ဖြစ်ပြီး Kyoto ဇာတိဖြစ်ပါတယ်။
Nana
After School အဖွဲ့ဝင် Nana ဟာ အောင်မြင်နေတဲ့ Idol၊ မော်ဒယ်၊ မင်းသမီးတစ်ဦးဖြစ်ပြီး သူမရဲ့ အမည်ရင်းက Im Jinah ဖြစ်ပါတယ်။
NCT’s Winwin
NCT အဖွဲ့ဝင် Winwin ဟာ တရုတ်နိုင်ငံသားဖြစ်ပြီး မွေးနာမည်က Dong Si Cheng ဖြစ်ပါတယ်။ သူဟာ ပရိသတ်တွေကို သူ့နာမည်ပါတဲ့ စကားစု”Let’s WIN WIN!” လို့နှုတ်ဆက်လေ့ရှိပါတယ်။
-m2t
Ref: Kstarlive