K pop

■ BTS အဖွဲ့ဝင် Jimin ရဲ့ ကျောင်းတော်တုန်းက ပုံပြင်

“ Jimin ဘူဆန်မှာ ကျောင်းတက်တုန်းက ကျွန်မတို့အထက်တန်းကျောင်းရဲ့ သိပ္ပံဆရာဟာ Jimin တတိယနှစ်ပညာသင်ကြားနေတဲ့ အတန်းပိုင်ဖြစ်ပါတယ်။ ဆရာမှာ ပုံပြင်တွေအများကြီးရှိပါတယ်။ Jimin ရဲ့ အဖေဟာ ကျောင်းကိုလာပြီး ဆရာကို BTS Album ပေးလို့ ကျွန်မ လုံးဝအံ့အားသင့် တုန် လှုပ်မိခဲ့ပါတယ်။

Jimin ရဲ့ ဘဝဆရာဟာ ကျွန်မတို့ကျောင်းရဲ့ သိပ္ပံဆရာဖြစ်တယ်လို့ ပြောခဲ့လို့ ကျွန်မ မယုံနိုင်ခဲ့ပါဘူး။ Jimin ရဲ့ အလယ်တန်းကျောင်းတုန်းက ပုံပြင်တွေကို ဆရာက ပြောပြခဲ့ပါတယ်။ Jimin တက်ခဲ့တဲ့ ကျောင်းဟာ လေ့လာဖို့ ပတ်ဝန်းကျင်သိပ်မကောင်းဘူးလို့ သိရပါတယ်။ ပြီးတော့ သူဟာ အတန်းရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။

Jimin ရဲ့ အဖေဟာ အစက Jimin ကို အစိုးရဝန်ထမ်းဖြစ်စေချင်ခဲ့တာပါ။ ဒါပေမဲ့ အလယ်တန်း ကျောင်း တတိယနှစ်မှာ Jimin ဟာ ရုတ်တရက် အနုပညာကျောင်းကို တက်ချင်ခဲ့ပါတယ်။ Jimin ရဲ့ အဖေဟာ အံ့အားသင့်ပြီး သားရဲ့အနာဂတ်အတွက် ဆွေးနွေးဖို့ ကျောင်းကိုလာခဲ့ပါတယ်။ Jimin နဲ့အတူ ကျွန်မတို့ရဲ့ဆရာဟာ အဖေဖြစ်သူကို ဖျောင်းဖျခဲ့ကြပါတယ်။

ဆရာက Jimin ကို အကပြိုင်ပွဲဆီပို့ပေးခဲ့ပါတယ်။ ပြီးတော့ ဆရာက Jimin ဟာ အရမ်းကြိုးစားတဲ့က လေးဖြစ်တာကြောင့် ဘယ်အသက်မွေးဝမ်းကြောင်းကိုပဲရွေးရွေး အောင်မြင်မယ်လို့ အဲဒီကတည်းက မှတ်ချက်ပေးခဲ့ပါတယ်။ ဆရာဟာ ကျွန်မတို့ကိုလည်း Jimin ဆီက သင်ယူပြီး ကြိုးစားကြဖို့ တိုက် တွန်းပြောကြားလေ့ရှိပါတယ်။

Jimin ဟာ အနုပညာအထက်တန်းကျောင်းကို မသွားခင်ကတည်း အက အလွန်တော်တဲ့သူလို့ ဆရာပြောခဲ့ပါတယ်။ ဆရာက Jimin ရဲ့ အကကိုတွေ့ဖူးပြီး အနုပညာကျောင်းကို တက်သင့်တယ်လို့ လည်း Jimin ကိုပြောခဲ့ပါတယ်။ သူ့အဖေကို ကျွန်မတို့ရဲ့ဆရာသာ ဝိုင်းဝန်းဖျောင်းမဖျခဲ့ဘူးဆိုရင် အခုဆိုရင် Jimin တစ်ယောက် အစိုးရဝန်ထမ်းများဖြစ်နေမလားမသိပါဘူး။

ပြီးခဲ့တဲ့နှစ်အနည်းငယ်က ကျောင်းမှာရုန်းကန်နေရတဲ့ မိန်းကလေးတစ်ဦးရှိပါတယ်။ သူမက ကျွန်မတို့ ဆရာကို သူမအနေနဲ့ Jimin ဆီသာ ဗီဒီယိုCall ခေါ်နိုင်ခဲ့ရင် စာကြိုးစားမယ်လို့ ပြောခဲ့ပါတယ်။ ဒါ ကြောင့် ဆရာက Jimin ဆီဖုန်းခေါ်ပေးခဲ့ပါတယ်။ နောက်တော့ သူမက Jimin ကို ကပြခဲ့ပါတယ်။ Jimin ကလည်း ‘ မင်းအနေနဲ့ အကပညာကို ကျွမ်းကျင်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့် စာကြိုးစားပါ’ လို့ ပြောခဲ့ပါတယ်။ အခု အဲဒီမိန်းကလေးဟာ အထက်တန်း စီနီယာကျောင်းသားတစ် ဦးဖြစ်နေပြီး ကျောင်းရဲ့စာတော်တဲ့ကျောင်းသားတွေထဲက တစ်ဦးအပါအဝင်ဖြစ်နေပါပြီ”

အထက်ပါ Jimin ရဲ့ ကျောင်းတော်တုန်းက ပုံပြင်ကို ထက်တန်းကျောင်းသူတစ်ဦးက လူမှုကွန်ရက်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ သူမဟာ Jimin ရဲ့ ဘဝလက်ဦးဆရာပြောဆိုမှုတွေကို ပြန်လည်စီကုံးပြီး အ ခုလို လူမှုကွန်ရက်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page