K pop

■ “Youth With You 2” Theme Song အကဗီဒီယိုဖိုင်ကို BLACKPINK အဖွဲ့ဝင်တွေထံ ပေးပို့ခဲ့တာကို Lisa ကျေနပ်

– – – Lisa ဟာ သူမရဲ့ ချစ်စရာကောင်းတဲ့ ကကွက်အတွက် ကျေနပ်လျက် ရှိနေပြီး….

BLACKPINK အဖွဲ့ဝင် Lisa ဟာ တရုတ်အဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ Youth With You မှာ Dance Mentor အဖြစ် ဆောင်ရွက်လျက်ရှိနေတာပါ။

အဲဒီအစီအစဉ်မှာ Lisa ဟာ ပြိုင်ပွဲဝင်တွေဟာ စိတ်အားထက်သန်စွာ သင်ကြားပေးနေပြီး သူမရဲ့ အပြုအမူတွေ၊ ပုံရိပ်တွေကလည်း ပရိသတ်တွေကြားေ ရပန်းစားလျက်ရှိနေပါတယ်။

“Youth With You 2” ရဲ့ Theme Song ဖြစ်တဲ့ Yes! Ok! သီချင်းကို Lisa နဲ့ ပြိုင်ပွဲဝင်မိန်ကလေးတွေ ကနေတဲ့ ဗီဒီယိုဖိုင်ကလည်း နာမည်ကျော်ခဲ့ပါတယ်။ အဲဒီသီချင်းကကွက်တွေနဲ့ ပတ်သက်ပြီး Lisa က ကျေနပ်နေခဲ့တာပါ။

ဒီဗီဒီယိုဖိုင်ရဲ့ နောက်ကွယ်ကအကြောင်းနဲ့ ပတ်သက်ပြီးလည်း Lisa က ဖွင့်ဟခဲ့ပါတယ်။ “ဒါကို တရုတ်မှာ ရိုက်ကူးမှုပြုလုပ်ခဲ့တာပါ။ ဒီကကွက်ကို ကျွန်မ သင်ပြီးနောက်မှာ ချက်ချင်းပဲ ကျွန်မအဖွဲ့ဝင်တွေဆီ ပေးပို့ခဲ့ပါတယ်။ သူမတို့ကို ဒီလိုချစ်စရာကောင်းတဲ့အကမျိုး ပြသရတာ ကျွန်မ ဂုဏ်ယူမိပါတယ်”လို့ Lisa က ဖွင့်ဟခဲ့ပါတယ်။

ဆက်လက်ပြီး Lisa က သူမအနေနဲ့ အဲဒီသီချင်းကို အလွန်သဘောကျကြောင်း၊ ကကွက်တွေက ချစ်စရာကောင်းပြီး သူမအတွက်တော့ ထူးခြားကြောင်းလည်း ဆိုခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page