K pop

■ KARA ရဲ့ (၁၀) နှစ်ကြာ စံချိန်ကိုချိုးဖြတ်ပြီး ဂျပန်မှာ Album ရောင်းအားအကောင်းဆုံး အမျိုးသမီး K-pop အဖွဲ့ အဖြစ် TWICE မှတ်တမ်းဝင်

– — TWICE အဖွဲ့ဟာ ဂုဏ်ယူဖွယ်ရာ စံချိန်မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး……

TWICE အဖွဲ့ဟာ အခုအခါမှာတော့ ဂျပန်နိုင်ငံမှာ Album ရောင်းအားအကောင်းဆုံး K-pop အမျိုးသမီးအဖွဲ့အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

မတ်လ (၁၆) ရက်နေ့က ဂျပန်နိုင်ငံအတွင်း TWICE အဖွဲ့ရဲ့ Album ရောင်းအားက (၃.၃၁) သန်းအထိ ရှိသွားခဲ့ပြီဖြစ်ကြောင်း Oricon က ဖော်ပြချက်အရ သိရပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ (၁၀) နှစ်အတွင်း ဂျပန်နိုင်ငံမှာ KARA အဖွဲ့တင်ရှိထားခဲ့တဲ့ (၃.၂၄) သန်းစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

ဒါကြောင့် TWICE အဖွဲ့ဟာ ဂျပန်နိုင်ငံမှာ Album ရောင်းအားအကောင်းဆုံး အမျိုးသမီး K-pop အဖွဲ့အဖြစ် မှတ်တမ်းဝင်သွားခဲ့တာပါ။ အခုနှစ်အစောပိုင်းမှာလည်း TWICE ဟာ S.E.S ရဲ့ နှစ်ပေါင်း (၂၀) ကျော်ကြာ စံချိန်ကိုကျော်ဖြတ်ပြီး ကိုရီးုယားမှာ ရောင်းအားအကောင်းဆုံး အမျိုးသမီး K-pop အဖွဲ့အဖြစ် မှတ်တမ်းဝင်ခဲ့သေးတာပါ။

ဒါကြောင့် (၅) နှစ်တာအတွင်း TWICE အဖွဲ့ရဲ့ အောင်မြင်မှုတွေဟာ လုံးဝအံ့မခန်းလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန်အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page