Celebrity

■ သူတို့ကိုယ်သူတို့ မချောပါဘူးလို့ပြောတဲ့ အမျိုးသား Cele Visual တွေ

ချောမောလွန်းလို့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားကြတဲ့ ဒီအမျိုးသမီး Cele Visual တွေက သူတို့ကိုယ်သူတို့ မချောဘူးလို့ ပြောလို့ ပရိသတ်တွေက ပါးစပ်အဟောင်းသားဖြစ်ခဲ့ကြပါတယ်။ အခု ဖော်ပြပေးမယ့် အမျိုးသား Cele တွေဟာ သူတို့ရဲ့ရုပ်ရည်ကို မချောဘူးလို့ လူသိရှင်ကြား ပြောထား ကြတဲ့ သူတွေဖြစ်ပါတယ်။

Kang Dongwon

‘Maundy Thursday,’ ဆိုတဲ့ ရုပ်ရှင်သတင်းစာရှင်းလင်းပွဲမှာ မင်းသားချော Kang Dongwon က “ ကျွန်တော့်အနေနဲ့ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ရရင် ရုပ်ဆိုးလွန်းတယ်လို့ ခံစားရပါတယ်။ ကျွန်တော့် မှာ အဖုအထစ်တွေနဲ့ အချိုးမပြေဘူးလို့ ထင်ရပါတယ်” လို့ ဆိုခဲ့ပါတယ်။

Kim Woobin

SBS’ ‘Night of TV Entertainment,’ အင်တာဗျူးမှာ Kim Woobin က အခုလို ပြောခဲ့ပါတယ်။ “ ကျွန်တော်ဟာ ချောမောတယ်လို့ မထင်ပါဘူး။ မှန်ထဲမှာ ကျွန်တော့်ကိုယ် ကျွန်တော်ပြန်ကြည့်ရင် တစ်ခါတစ်ရံ ငါတော်တော်ရုပ်ဆိုးတာပဲလို့ ထင်ခဲ့ပါတယ်” – Kim Woobin

Woo Dohwan

“ ကျွန်တော့်အနေနဲ့ တစ်ကြိမ်တစ်ခါတောင် ကိုယ့်ကိုကိုယ် ချောမောတယ်လို့ မတွေးခဲ့ပါဖူး” လို့ Woo Dohwan က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Jung Yonghwa

 

CNBLUE အဖွဲ့ဝင် သရုပ်ဆောင် Jung Younghwa က 2010 ခုနှစ် Fanmeeting မှာ “ ခင်ဗျားတို့အ နေနဲ့ ကျွန်တော့်ကို Cele တစ်ဦးမဟုတ်ဘဲ ရိုးရိုးသာမန်လူလို့ထင်ပြီး သေချာကြည့်မယ်ဆိုရင် ကျွန် တော်ဟာ မချောပါဘူး။ ခင်ဗျားတို့ကတော့ တီဗီဖန်သားပြင်ထက်မှာ ကျွန်တော် ကြည့်ကောင်းတယ် လို့ ထင်ပါလိမ့်မယ်။ ဒါကြောင့်လည်း ဒီအနုပညာလောကကို ကျွန်တော်နှစ်သက်တာပါ” လို့ ပြောခဲ့ပါ တယ်။

Cha Eunwoo

ASTRO အဖွဲ့ဝင် Cha Eunwoo ကို ပရိသတ်အားလုံးက Visual God ဆိုပြီး တင်စားကြတာပါ။ ဒါပေ မဲ့ Cha Eunwoo ကတော့ “ ကျွန်တော့်ထက် ချောမောတဲ့သူတွေ အများကြီးရှိပါတယ်။ ကျွန်တော့်အ နေနဲ့ ကြည့်ကောင်းရုံပဲဖြစ်ပါတယ်။ ဒီထက် ဘာမှမပိုပါဘူး” လို့ ဆိုခဲ့ပါတယ်။

Hyun Bin

အသက်သာကြီးလာပေမယ့် ခန့်ညားချောမောနေဆဲဖြစ်ပေမယ့် Hyun Bin ကတော့ “ ကျွန်တော်ဟာ သရုပ်ဆောင်တစ်ဦးဖြစ်လို့ တစ်နေ့ကို အကြိမ်ပေါင်းများစွာ မှန်ရှေ့မှာ ကြည့်ခဲ့ရပါတယ်။ ဒါပေမဲ့ ကိုယ့် ကိုကိုယ် ချောမောတယ်လို့ တစ်ခါမှ ကျွန်တော်မတွေးခဲ့ပါဘူး” လို့ ပြောခဲ့ပါတယ်။

-m2t
Ref: Kstarlive

 

You cannot copy content of this page