K pop

■ Chanyeol ရဲ့ ရုပ်ရှင် ‘The Box’ ကို နိုင်ငံ 11 နိုင်ငံမှာ ပြသမယ်

—- နိုင်ငံတကာက EXO-L တွေဟာ Chanyeol ရဲ့ ကြိုးစားအားထုတ်မှုနဲ့ အနုပညာတွေကို ပိတ်သား ပေါ်မှာ တွေ့ရတော့မယ်…

EXO အဖွဲ့ဝင် Chanyeol နဲ့ Jo Dal Hwan တို့ပါဝင်သရုပ်ထားတဲ့ ‘The Box’ ရုပ်ရှင်ကို နိုင်ငံ 11နိုင်ငံ မှာပြသမယ်လို့ ကိုရီးယားမီဒီယာဝက်ဘ်ဆိုက် NAVER မှာဖော်ပြခဲ့ပါတယ်။ ‘The Box’ ရုပ်ရှင်ကို အမေရိကန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ သြစတြေးလျ၊ ဂျပန်နိုင်ငံအပါအဝင် နိုင်ငံ 11 နိုင်ငံရဲ့ ရုပ် ရှင်ရုံတွေမှာ ရုံတင်မှာဖြစ်ပါတယ်။

ကနေဦးက ‘The Box’ ရုပ်ရှင်ကို တောင်ကိုရီးယားပြည်တွင်းမှာပဲ အကန့်အသတ်နဲ့ပြသဖို့ စီစဉ်ထားခဲ့ ပေမယ့် နိုင်ငံတကာက Chanyeol ရဲ့ ပရိသတ်တွေရဲ့ တောင်းဆိုမှုအရ အစီအစဉ်ပြောင်းလဲခဲ့တာဖြစ် ပြီး နိုင်ငံ 11 နိုင်ငံမှာ ပြသဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။

‘The Box’ ရုပ်ရှင်ဟာ Musical ရုပ်ရှင်တစ်ခုဖြစ်ပြီး Chanyeol ဟာလည်း ဂီတသမားတစ်ယောက်အ ဖြစ် ပါဝင်သရုပ်ထားတာပါ။ Chanyeol ဟာ ဂီတနဲ့ပတ်သက်ပြီး Rapping ၊ Singing ၊ Writing အကုန်လုံးရသလို တူရိယာတွေကို ကျွမ်းကျွမ်းကျင်ကျင်တီးခတ်နိုင်တဲ့ ထူးချွန်တဲ့ Idol တစ်ဦးဖြစ်ပါ တယ်။

-m2t
Ref: Allkpop

You cannot copy content of this page