K pop

■ အမေရိကန်၊ Shakopee, Minnesota ရဲ့ Honorary Citizens အဖြစ် ဂုဏ်ပြုခံခဲ့ရတဲ့ BTS

— BTS အဖွဲ့ရဲ့ ကျော်ကြားမှုနဲ့ အားပေးခံရမှုကတော့ Honorary နိုင်ငံသားအဖြစ်တောင် ဂုဏ်ပြုခံခဲ့ တဲ့အထိပါပဲ…

ကမ္ဘာကျော် BTS အဖွဲ့ဟာ အမေရိကန်နိုင်ငံ Shakopee, Minnesota ရဲ့ Honorary Citizens အဖြစ် ဂုဏ်ပြုခံခဲ့ရတယ်လို့ သိရပါတယ်။ ARMY တွေအားလုံးလည်း သိကြပါတယ်။ BTS အဖွဲ့ဝင်တွေဖြစ်တဲ့ Suga နဲ့ V က ဒယ်ဂူးဇာတိ၊ Jimin နဲ့ Jungkook က ဘူဆန်ဇာတိ၊ J-Hope က ဂွမ်ဂျူးဇာတိ၊ Jin က ဂွါချွန်းဇာတိ၊ RM က အစ်ဆန်ဇာတိတွေဖြစ်ကြပါတယ်။

သမိုင်းဝင် လူသား 7 ဦးဟာ တောင်ကိုရီးယားအဓိကမြို့တော်ဆိုးလ်ဇာတိမဟုတ်တာတောင် ဆိုးလ်မြို့ရဲ့ သံတမန်တွေလည်းဖြစ်ကြပါတယ်။ အခုလည်း အမေရိကန်နိုင်ငံ၊ Minnesota မှာရှိတဲ့ Shakopee မှာ Honorary Citizens တွေအဖြစ် ဂုဏ်ပြုခံခဲ့ရပြန်ပါပြီ။

Shakopee, Minnesota မြို့တော်ကောင်စီက BTS ဟာ မြို့တော်ရဲ့နောက်ဆုံး နိုင်ငံသားတွေဖြစ် တယ်လို့ ဖော်ပြခဲ့ပါတယ်။ “ Shakopee မြို့တော်ကောင်စီအနေနဲ့ Jin ၊ Suga ၊ J-Hope၊ RM ၊ Jimin ၊ V ၊ Jungkook လို့ အမည်ရတဲ့ BTS အဖွဲ့ဝင် 7 ဦးကို မြို့တော်ရဲ့ Honorary Citizens တွေအဖြစ် ဂုဏ်ပြုလိုက်ပြီဆိုတာကို ဒီနေရာကနေ ကြေညာလိုက်ပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page